- အလုပ်သမားအသုံးပြုခွင့်စနစ်
- 외국인노동자와 함께 하는 WORK IN KOREA
စနစ် မိတ်ဆက်
စနစ် မိတ်ဆက်
အလုပ်သမား အသုံးပြုခွင့်စနစ် ရှင်းလင်းချက်
- အလုပ်သမားအသုံးပြုခွင့်စနစ်သည် ကိုရီးယားလုပ်သားများကို မရှာဖွေနိုင်သော အသေးစားနှင့်အလတ်စား လုပ်ငန်းများတွင် အစိုးရထံမှ အလုပ်သမား အသုံးပြုခွင့်ရယူကာ နိုင်ငံခြားသားလုပ်သားများကို တရားဝင် အလုပ်ခန့်နိုင်အောင် ခွင့်ပြုပေးသောစနစ်
- * သက်ဆိုင်ရာဥပဒေ: နိုင်ငံခြားသားလုပ်သားဆိုင်ရာ ခန့်အပ်မှုနှင့်ဆိုင်သော ဥပဒေ(တနည်းအားဖြင့် ‘နိုင်ငံခြားသားအလုပ်အကိုင်ဥပဒေ’)
အလုပ်သမား အသုံးပြုခွင့်စနစ်၏ ရည်ရွယ်ချက်
နိုင်ငံခြားလုပ်သားများကို စနစ်တကျ ခေါ်ယူစီမံခြင်းအားဖြင့် လုပ်သားလိုအပ်ချက်နှင့် နိုင်ငံစီးပွားရေး ဟန်ချက်ညီ တိုးတက်နိုင်ရန် ရည်ရွယ်သည်။
ထူးခြားချက်များ
ကိုရီးယားလုပ်သားများ၏ အလုပ်အကိုင်အခွင့်အရေးကို ကာကွယ်ပေးပြီး နိုင်ငံခြားသားလုပ်များကို အသုံးပြုခြင်း
- ကိုရီးယားလုပ်သားကိုမဖြစ်မနေ အလုပ်ခန့်အပ်ဖို့ကြိုးစားရန်လိုအပ် လုပ်ငန်းအမျိုးအစား အားလုံးအတွက် 7ရက်ကျော်ရန်လိုအပ်
- လုပ်သားလိုအပ်ချက်ကို တွက်ချက်ပြီး တင်သွင်းရန်လိုအပ်သော လုပ်သား အရေအတွက်နှင့် လုပ်ငန်းအမျိုးအစားများ သတ်မှတ်။
နိုင်ငံခြားလုပ်သား ရွေးချယ်၊ မိတ်ဆက်ခြင်းလုပ်ငန်းစဥ်များ ပွင့်လင်းမြင်သာမှုရှိခြင်း
သတ်မှတ်အဖွဲ့အစည်းများဖြင့်သာ နိုင်ငံခြားသားလုပ်သား စေလွှတ်စေခြင်းဖြင့် မမှန်ကန်မှုများတားဆီး (အစိုးရချင်း MOUရေးထိုး )
အလုပ်ရှင်၏ လိုအပ်ချက်နှင့် ကိုက်ညီသော(ကိုရီးယားဘာသာစကား၊ အခြေခံစွမ်းဆောင်ရည်)ရှိသည့် နိုင်ငံခြားသားများ မိတ်ဆက်ခြင်း
နိုင်ငံခြားလုပ်သားများ၏ အခြေခံလူ့အခွင့်အရေး အာမခံချက်
- သင့်တော်သော အကြောင်းပြချက်မရှိဘဲ ခွဲခြားဆက်ဆံခြင်းကို တားမြစ်။
- အလုပ်သမားဥပဒေစသော လုပ်သားဥပဒေကို ကိုရီးယားလုပ်သားများနှင့် ထပ်တူ ကျင့်သုံး
ကျွမ်းကျင်လုပ်သားမဟုတ်သောသူများအား ရေရှည်အခြေချနေထိုင်ခြင်း တားမြစ်ထား
- 3နှစ် သို့မဟုတ် 5နှစ်အောက် (နှစ်တိုးစာချုပ်)ကာလအတွက် အလုပ်လုပ်ခွင့်ပေးထားသည်။
- အလုပ်လုပ်ခွင့်ကာလ ပြီးဆုံးပါက အမိနိုင်ငံသို့ ပြန်ရမည်။