SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

အလုပ်သမားအသုံးပြုခွင့်စနစ်
외국인노동자와 함께 하는 WORK IN KOREA

နိုင်ငံခြားလုပ်သား၏ အနေအထား

နိုင်ငံခြားလုပ်သား သတ်မှတ်ချက်

နိုင်ငံခြားလုပ်သား”ဆိုသည်မှာ ကိုရီးယားနိုင်ငံသားမဟုတ်သော သူသည် ကိုရီးယားပြည်တွင်းရှိ စက်ရုံနှင့် လုပ်ငန်းတွင် လစာရရှိရန် ရည်ရွယ်ချက်ဖြင့် အလုပ်လုပ်နေသူ၊ အလုပ်လုပ်ရန်ပြင်ဆင်နေသူဖြစ်သည်။

နိုင်ငံခြားလုပ်သား အသုံးပြုခွင့်ဥပ‌‌ဒေနှင့် သက်ဆိုင်သူသည် (E-9)နှင့် (H-2) ဗီဇာ ရရှိထားသော နိုင်ငံခြားသားလုပ်သားများဖြစ်သည်။

နိုင်ငံခြားလုပ်သား၏ ဉပဒေရေးဆိုင်ရာ

အခြေခံအလုပ်သမားဥပဒေ သတ်မှတ်ချက်

  • တရားဝင် နေထိုင်ခွင့် ရှိခြင်းမရှိခြင်းနှင့် မသက်ဆိုင်ဘဲ အခြေခံအလုပ်သမား ဥပဒေနှင့် လုပ်ငန်းဆိုင်ရာဥပဒေများကို ကိုရီးယားနိုင်ငံသားများနှင့် တန်းတူသတ်မှတ်ထားသည်
(ဥပမာ) တရားမဝင်နေထိုင်သူလည်း လစာမရပါက တိုင်ကြားနိုင်ပြီး၊ လုပ်ငန်းခွင်ထိခိုက်မှု အာမခံလည်း ရရှိနိုင်။
  • သို့သော် စိုက်ပျိုးမွေးမြူရေး၊ ရေလုပ်ငန်းနှင့် အချိန်ပြည့်လုပ်သား 4ယောက်အောက် လုပ်ငန်းခွင်များတွင် အခြခံအလုပ်သမားဥပဒေ၏ တစိတ်တပိုင်းသာ ခံစားခွင့်ရှိသည်။(ကိုရီးယား၊ နိုင်ငံခြားသား ခွဲခြားခြင်းမရှိ)

ကိုရီးယားလုပ်သားများနှင့် ခွဲခြားဆက်ဆံခြင်းကို တားမြစ်

  • အလုပ်ရှင်သည် နိုင်ငံခြားလုပ်သားဆိုသော အကြောင်းပြချက်ဖြင့် ခွဲခြားဆက်ဆံခြင်း မလုပ်ရပါ။
နိုင်ငံခြားလုပ်သား၏ တရားဝင်ခြင်း မဝင်ခြင်းနှင့် မသက်ဆိုင်ဘဲ ခွဲခြားဆက်ဆံခြင်းကို တားမြစ်သည်။
  • သို့သော် အရည်အချင်းနှင့် အလုပ်လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ကျိုးကြောင်းသင့်တင့်စွာ ခွဲခြားဆက်ဆံနိုင်ခွင့် ရှိသည်။

အလုပ်လုပ်ခွင့်ကာလ(နိုင်ငံခြားလုပ်သား အသုံးပြုခွင့်ဥပဒေ ပုဒ်မ18နှင့် ပုဒ်မ18အပိုင်း2)

  • နိုင်ငံခြားသားလုပ်သားသည် ကိုရီးယားစရောက်သည့်နေ့မှစပြီး သုံးနှစ်အတွင်း အလုပ်လုပ်ခွင့်ရှိသည်(နိုင်ငံခြားလုပ်သား အသုံးပြုခွင့်ဥပဒေ ပုဒ်မ18)
  • သို့သော် အလုပ်လုပ်ခွင့်ကာလ ပြီးဆုံးသွားသော နိုင်ငံခြားသားလုပ်သားအား 2နှစ်အောက်ကာလဖြစ်သော (1နှစ်10လ) အား အလုပ်လုပ်ခွင့်သက်တမ်း တစ်ကြိမ်တိုးနိုင်သည်။ (နိုင်ငံခြားလုပ်သား အသုံးပြုခွင့်ဥပဒေ ပုဒ်မ18အပိုင်း2)
  • အလုပ်လုပ်ခွင့်ကာလ 3နှစ်ကုန်ဆုံးပြီး နိုင်ငံသို့မထွက်ခွာမီ အလုပ်ရှင်မှ အလုပ်သမားဝန်ကြီးထံ ထပ်မံအလုပ်လုပ်ခွင့်တောင်းပြီး သက်တမ်းတိုးထားသော လုပ်သား

ပြန်လည်ဝင်ရောက်ခြင်းစနစ်

  • သက်တမ်းတိုး (3နှစ်+1နှစ် 10လ) ကာလအတွင်း မိမိသဘောဖြင့် နိုင်ငံမှထွက်ခွာသော နိုင်ငံခြားသားလုပ်သားများထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီသောသူသည် ပြန်လည်ဝင်ရောက်ပြီး အလုပ်လုပ်နိုင်သော ‘ပြန်လည်ဝင်ရောက်ခြင်း စနစ်’ ကျင့်သုံး

အာမခံကြီး 4ခု သတ်မှတ်ခြင်း

  • လုပ်ငန်းခွင်ထိခိုက်မှုအာမခံ(မဖြစ်မနေသွင်းရန်), ကျန်းမာရေးအာမခံ (မဖြစ်မနေသွင်းရန်), ပြည်သူ့ပင်စင်အာမခံ (နိုင်ငံချင်းအပြန်အလှန်ကျင့်သုံး), အလုပ်အကိုင်အာမခံ(မိမိသဘောဖြင့်သွင်းရန်)တို့ သတ်မှတ်
  • သက်ကြီးစောင့်ရှောက်မှုအာမခံအား နိုင်ငံခြားသားလုပ်သားမှ လျှောက်လွှာတင်ပါက အာမခံသွင်းခြင်းမှ ဖယ်ထုတ်နိုင်သည်။

နိုင်ငံခြားလုပ်သား သီးသန့်အာမခံ ဆောင်ရွက်ပေးခြင်း

  • နိုင်ငံခြားလုပ်သားများ၏ အကျိုးအတွက် လုပ်သက်ခံစားခွင့်အာမခံ၊ အပြန်စရိတ်အာမခံ၊ လစာမရခြင်းအတွက် အာမခံ၊ ပြင်ပထိခိုက်မှုအာမခံ သတ်မှတ်ထားသည်။ (မဖြစ်မနေသွင်းရန်))