SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

အလုပ်သမားအသုံးပြုခွင့်စနစ်
외국인노동자와 함께 하는 WORK IN KOREA

နိုင်ငံခြားလုပ်သား အလုပ်ဝင်နည်း အဆင့်ဆင့်

နိုင်ငံခြားလုပ်သား အလုပ်ဝင်ပုံအဆင့်ဆင့်

  1. 1.ကိုရီးယား အရည်အချင်းစစ်စာမေးပွဲဖြေ
    • နိုင်ငံခြားသားလုပ်သား ရွေးချယ်ရာတွင် မျှတပြီး ပွင့်လင်းမြင်သာရှိစေရန်နှင့် ကိုရီးယားတွင် စောလျင်စွာ အခြေကျစေရန်အတွက် 2005ခုနှစ် 8လပိုင်းမှ စတင်ပြီး နိုင်ငံခြားသားများ၏ ကိုရီးယားစာ အရည်အချင်းစစ်စာမေးပွဲ (Employment Permit System-Test of Proficiency in Korean, EPS-TOPIK)ကို ကိုရီးယား HRD မှ လုပ်ဆောင်နေပါသည်
    • ဖြေဆိုခွင့်ရှိသူ

      • အသက် 18နှစ်အထက် 39နှစ်အောက်
      • အချုပ်ကျခြင်းထက်ကျော်လွန်သော ပြစ်မှုကျူးလွန်ခြင်း မရှိရ
      • ယခင်က ကိုရီးယားနိုင်ငံမှ အတင်းအကြပ် ပြန်ပို့ခံရခြင်း မှတ်တမ်းမရှိရ
      • ပြည်ပထွက်ခွာရန် ကန့်သတ်ချက်(အရည်အချင်းမပြည့်မှီခြင်း)မရှိရ, E-9 သို့မဟုတ် E-10 ဗီဇာဖြင့် ကိုရီးယားနိုင်ငံတွင် နေထိုင်သောကာလ 5နှစ်အောက် ဖြစ်ရမည်။
    • အကဲဖြတ်ခြင်းစံနှုန်း

      • ကိုရီးယားတွင် နေထိုင်ရန်အတွက် လိုအပ်သော အခြေခံ စကားပြောဆိုနိုင်စွမ်း
      • လုပ်ငန်းခွင် လုံခြုံရေးဆိုင်ရာ အခြေခံဗဟုသုတနှင့် ကိုရီးယားယဥ်ကျေးမှုကို နားလည်ခြင်း
    • အောင်မြင်ကြောင်းရွေးချယ်သည့်စံနှုန်း

      • အမှတ် 200တွင် အောင်မှတ်80 အထက် ရရှိသူများထဲမှ အမှတ်အများဆုံးရသူများကို ဦးစားပေး ရွေးချယ်
      • ကန့်သက်သက်တမ်းကာလသည် အောင်မြင်ကြောင်း ကြေညာချက်ရသည့်နေမှစပြီး 2နှစ်
  2. 2.နိုင်ငံခြားသားအလုပ်ဖောင်ဖြည့်ခြင်းနှင့်ပို့ဆောင်ခြင်း
    • ကိုရီးယား အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူများထဲမှ ကျန်းမာရေး စစ်ဆေးခြင်း အောင်မြင်သူများကို အလုပ်‌ဖောင် ဖြည့်ခိုင်းပြီး၊ ဖောင်ဖြည့်ထားသူများကို စာရင်းပြုစုကာ ကိုရီးယား HRDသို့ ပို့ဆောင်သည်။ ၎င်းအား ကိုရီးယား HRDမှ ကိုရီးယားလို ပြောင်းလဲပြီးနောက် အခြေခံလိုအပ်ချက် ကိုက်ညီမှုရှိမရှိ စစ်ဆေးကာ စာရင်းသွင်းပြီး စီမံခန့်ခွဲသည်။
  3. 3.အလုပ်စာချုပ်ချုပ်ဆို
    • ဂိုယုံစင်တာတွင် မိတ်ဆက်ထားသော နိုင်ငံခြားလုပ်သားကို ရွေးချယ်ထားသော အလုပ်ရှင်သည် မိမိအပ်နှံလိုသော အဖွဲ့အစည်းအား ရွေးချယ်ပြီး၊ ထိုအဖွဲ့အစည်းမှ အလုပ်စာချုပ်ကို ပြည်ပအလုပ်အကိုင်အေဂျင်စီရုံးသို့ပေးပို့သည်။ ပြည်ပအလုပ်အကိုင်အေဂျင်စီရုံးမှ လုပ်သားကို အလုပ်စာချုပ် ချုပ်မချုပ် စစ်ဆေးပြီး ၎င်းစာချုပ်ကို ကွန်ပျူတာစာရင်းမှတဆင့် ပြန်ပို့သည်။
  4. 4.လုပ်ငန်းခွင်အကြိုသင်တန်း
    • နိုင်ငံခြားလုပ်သား၏ လုပ်ဆောင်ရည် တိုးမြှင့်ရေးနှင့် ကိုရီးယားတွင် အခြေကျနိုင်ရေးအတွက် ကိုရီးယားအလုပ်ရှင်နှင့် အလုပ်စာချုပ် ချုပ်ဆိုထားသော လုပ်သားို လုပ်ငန်းခွင်အကြို သင်တန်းပေးရသည်။ ကိုရီးယားစာ အရည်အချင်းနှင့် အစမ်းခန့်ကာလပေါ်မူတည်ပြီး သင်တန်းကာလ ကွာခြားနိုင်ကာ 1ပတ်မှ 2ပတ်ခွဲခန့် သင်တန်းတက်ရသည်။
  5. 5.ဝင်ရောက်ခြင်းနှင့် လုပ်ငန်းခွင်ပညာပေး
    • လုပ်သားစေလွှတ်သော နိုင်ငံရှိ ကိုရီးယားသံရုံးမှာ ဝင်ခွင့်ဗီဇာ(E-9)ကို ရယူပြီး ထွက်ခွာရန် အသင့်ဖြစ်သော လုပ်သားသည် ပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ခံ၏ လမ်းညွှန်မှုမှတစ်ဆင့် ကိုရီးယားတွင်းသို့ဝင်‌ရောက်ရမည်။ ကိုရီးယားလေဆိပ်ရှိ လဝကကို ဖြတ်ပြီးနောက် လုပ်သားကို လုပ်ငန်းခွင်ပညာပေး တာဝန်ခံထံ လွှဲပြောင်းပေးကာ လုပ်သားမှ 16နာရီ (2ညအိပ် 3ရက်)သင်တန်းတက်ရမည်။
  6. 6.နိုင်ငံခြားလုပ်သားအား လုပ်ငန်းတွင် နေရာချခြင်း
    • အလုပ်ရှင်သည် ပညာပေးသင်တန်းနှင့် (သတ်မှတ်ထားသောနေရာသို့) လာရောက် ခေါ်ဆောင်ပြီး လုပ်သားကို လုပ်ငန်းခွင်တွင် နေရာချကာ အလုပ်လုပ်ခြင်း စတင်သည်။