- အလုပ်သမားအသုံးပြုခွင့်စနစ်
- 외국인노동자와 함께 하는 WORK IN KOREA
အာမခံကြီး4ခု
ကျန်းမာရေးအာမခံ <အမျိုးသားကျန်းမာရေးအာမခံဥပဒေ>
လုပ်ငန်းအားလုံး၏အလုပ်ရှင်နှင့် လုပ်သားများ မဖြစ်မနေ ပေးသွင်းရမှာဖြစ်ပြီး နိုင်ငံခြားလုပ်သားပါ မဖြစ်မနေ ပေးသွင်းရမည်
- အာမခံ သတ်မှတ်ချက်- ပုံမှန်လစာ×7.09%
- အာမခံ ပေးသွင်းနှုန်း- လုပ်သား 3.545%, အလုပ်ရှင် 3.545%
လုပ်ငန်းခွင်ထိခိုက်မှုအာမခံ < လုပ်ငန်းခွင်မတော်တဆမှုအာမခံဥပဒေ >
လုပ်သားခန့်အပ်သော လုပ်ငန်းခွင်းတိုင်း ပေးသွင်းရမှာဖြစ်ပြီး နိုင်ငံခြားလုပ်သား အသုံးပြုသော လုပ်ငန်းခွင်မှ မဖြစ်မနေ ပေးသွင်းရမည်။
- အာမခံ သတ်မှတ်ချက်- အာမခံကြေး လုပ်ငန်းအလိုက်ကွာခြား(လစာ၏0.6~35.4%)
- အာမခံ ပေးသွင်းနှုန်း- အလုပ်ရှင် 100%
အလုပ်အာမခံ < အလုပ်အာမခံဥပဒေ>
「 အလုပ်အာမခံဥပဒေ」အရ 2021. 1. 1.မှစပြီး နိုင်ငံခြားလုပ်သား(E-9, H-2)ဆိုင်ရာ အလုပ်အာမခံ (အလုပ်တည်မြဲရေး၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ရေး) မဖြစ်မနေ ထည့်သွင်းရန် ပြောင်းလဲသတ်မှတ်
- အလုပ်အာမခံထဲမှ အလုပ်ရှာကာလထောက်ပံ့ကြေးသည် မိမိသဘောဖြင့် သွင်းလိုက သွင်းနိုင်သည်
- အာမခံကြေး သွင်းရမည့်သူ- လုပ်သား, အလုပ်ရှင်
- ပေးသွင်းနှုန်း- (အလုပ်ရှာကာလထောက်ပံ့ကြေး) လုပ်သား 0.9%, အလုပ်ရှင် 0.9% , (အလုပ်တည်မြဲရေး) အလုပ်ရှင်မှ အကုန်သွင်းပေးပြီး လူဦးရေပေါ်မူတည်ပြီး 0.25~0.85% ခွဲခြားသတ်မှတ်
ပြည်သူ့ပင်စင် <ပြည်သူ့ပင်စင်ဥပဒေ>
ပြည်သူ့ပင်စင်ဥပဒေ၏ အကျိုးခံစားခွင့်ရသော လုပ်ငန်းခွင်တွင် လုပ်ကိုင်သောနိုင်ငံခြာသား (လုပ်ငန်းခွင်သွင်းခြင်း)နှင့် ပြည်တွင်းနေထိုင်သူ နိုင်ငံခြားသား (ဒေသတွင်းသွင်းခြင်း)တို့သည် မဖြစ်မနေ ထည့်သွင်းရမည်
- သို့သော်, အပြန်အလှန်ကျင့်သုံးခြင်း စနစ်အရ ၎င်း နိုင်ငံခြားသား၏ မိခင်နိုင်ငံဥပဒေတွင် ကိုရီးယားနိုင်ငံသားအား ပြည်သူ့ပင်စင် ထည့်သွင်းခွင့်မပြုသည့် အနေအထားတွင် ပြည်သူ့ပင်စင် ထည့်သွင်းချင်းမှ ဖယ်ရှားသည်
- အာမခံ သတ်မှတ်ချက်- ပုံမှန်လစာ×9.0%
- အာမခံ ပေးသွင်းနှုန်း- လုပ်သား 4.5% , အလုပ်ရှင် 4.5%
- နိုင်ငံအလိုက် ပြည်သူ့ပင်စင် ထည့်သွင်းမှု အနေအထား
လုပ်ငန်းခွင်သွင်းခြင်းနှင့် ဒေသတွင်းသွင်းခြင်း သက်ဆိုင်မည့် (3နိုင်ငံ) | လုပ်ငန်းခွင်သွင်းခြင်း သက်ဆိုင်သော်လည်း ဒေသတွင်းသွင်းခြင်း မသက်ဆိုင်သည့် (8 နိုင်ငံ) | လုပ်ငန်းခွင်သွင်းခြင်းနှင့် ဒေသတွင်းသွင်းခြင်း အားလုံးမသက်ဆိုင်သော (5နိုင်ငံ) |
---|---|---|
တရုတ်, ဖိလစ်ပိုင်, ဥဇဘက်ကစ္စတန်* | ကာဂျစ္စတန်, မွန်ဂို, သိရိလင်္ကာ, အင်ဒိုနီးရှား, ထိုင်း, လာအို, ဗီယက်နမ်, ကမ္ဘောဒီးယား | ပါကစ္စတန်, ဘင်္ဂလားဒေ့ရှ်, နီပေါ, မြန်မာ, အရှေ့တီမော |
* သို့သော် ဥဇဘက်ကစ္စတန် E-9 လုပ်သား ထည့်သွင်းရန်မလို