SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

အလုပ်သမားအသုံးပြုခွင့်စနစ်
외국인노동자와 함께 하는 WORK IN KOREA

အလုပ်သမား ထပ်မံအသုံးပြုခွင့်စနစ်

ထပ်မံအသုံးပြုခြင်းစနစ်

အလုပ်လုပ်ခွင့် ကာလ 3နှစ် (သတ်မှတ်ချက်)

  • အလုပ်သမားအသုံးပြုခွင့်စနစ်သည် ‌ရေတိုအလုပ်လုပ်ခွင့် သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ပြီး ရေရှည်နေထိုင်ခြင်း တားမြစ်ချက်အရ အလုပ်လုပ်ခွင့်ကာလကို ‘ဝင်ရောက်သည့်နေမှစပြီး 3နှစ်’သတ်မှတ်ထားသည်။
* ရေတိုအလုပ်လုပ်ခွင့်အရ မိသားစုဖိတ်ခေါ်ခြင်း တားမြစ်သည်

အလုပ်လုပ်ခွင့် 2နှစ်အောက် ထပ်တိုးခြင်း(ချွင်းချက်)

  • အလုပ်ရှင်မှ ထပ်မံအသုံးပြုခွင့် လျှောက်ထားပါက 1ကြိမ် သက်တမ်းတိုးပြီး 2နှစ်အောက် ကာလအတွင်း (1နှစ်10လ) အလုပ်လုပ်ခွင့်ကာလ သက်တမ်းတိုးနိုင်သည်

ထပ်မံအသုံးပြုခွင့် လျှောက်ထားခွင့်ရှိသူနှင့် ကာလ

လျှောက်ထားခွင့်ရှိသူ

  • အလုပ်လုပ်ခွင့်ကာလ 3နှစ်ပြည့်မည့် နိုင်ငံခြားလုပ်သားကို တရားဝင် အလုပ်ခန့်ထားသော အလုပ်ရှင်
* အလုပ်လုပ်ခွင့်ကာလ သတ်တမ်းမကုန်ခင် သက်ဆိုင်ရာ နိုင်ငံခြားလုပ်သားနှင့် စာချုပ်ကာလ တစ်လအထက် ရှိမှသာ ခွင့်ပြုသည် (ဥပမာ- 10လပိုင်း 30ရက်တွင် အလုပ်လုပ်ခွင့်ကာလ 3နှစ်ပြည့်မည့် လုပ်သားနှင့် 10လပိုင်း 1ရက်နေ့မှ စာချုပ် ချုပ်ဆိုပါက ထပ်မံအသုံးပြုခွင့်မရနိင်ပါ)

လျှောက်ထားရန်ကာလ

  • အလုပ်လုပ်ခွင့် သက်တမ်းမကုန်ခင် ရက် 90အလိုမှ 7ရက်အလိုထိ သက်ဆိုင်ရာ နိုင်ငံခြားလုပ်သားကို အလုပ်ခန့်ထားသော အလုပ်ရှင်မှ လျှောက်ထားရမည် (လျှောက်ထားကာလ မဖြစ်မနေလိုက်နာရန်)

ထပ်မံအသုံးပြုခွင့်ထောက်ခံချက်နှင့် နေထိုင်ခွင့်ကာလတိုးခြင်း

  • အလုပ်ရှင်သည် ဂိုယုံစင်တာမှ ထပ်မံအသုံးပြုခွင့်(အလုပ်လုပ်ခွင့်ကာလ သက်တမ်းတိုး‌ထောက်ခံစာ)ကို ယူပြီးနောက်, နိုင်ငံခြားလုပ်သားမှ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာနှင့် နေထိုင်ခွင့်ကာလ တိုးပေးရန် ခွင့်ပြုချက်လျှောက်ထားရမည်