- အလုပ်သမားအသုံးပြုခွင့်စနစ်
- 외국인노동자와 함께 하는 WORK IN KOREA
အလုပ်ပြောင်းခြင်း
လုပ်ငန်းခွင်ပြောင်းလဲမှု
သတ်မှတ်ချက် (မူအရ တားမြစ်ထား၊ ခြွင်းချက်အဖြစ်ခွင့်ပြု)
- အလုပ်သမား အသုံးပြုခွင့်စနစ်အရ နိုင်ငံခြားလုပ်သားသည် သတ်မှတ်လုပ်ငန်းခွင်တွင် အလုပ်လုပ်မည်ဆိုသော ကန့်သတ်ချက်ဖြင့် ကိုရီးယား ဝင်ရောက်ခွင့်ရရှိထားသောကြောင့် မူအရ မဝင်ရောက်မီက အလုပ်စာချုပ်ချုပ်ဆိုထားသော လုပ်ငန်းတွင် ဆက်တိုက် လုပ်ကိုင်ရမည်။
- သို့သော် အထူးအကြောင်းပြချက်ဖြင့် ထိုလုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်ရန် ခက်ခဲပါက ခြွင်းချက်ဖြင့် အလုပ်ပြောင်းနိုင်သည်။
လျှောက်ထားနိုင်သူနှင့် လျှောက်ထားရသော အကြောင်းရင်း
လျှောက်ထားနိုင်သူ
-
ဥပဒေအရ သတ်မှတ်ထားသော အကြောင်းရင်းဖြစ်ပွားသောကြောင့် လက်ရှိလုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲရှိသော နိုင်ငံခြားလုပ်သား(E-9) အလုပ်ပြောင်း အကြိမ်အရေအတွက် 3ကြိမ်မပြည့်သောသူ
* အလုပ်ပြောင်းခြင်းကို ဝင်ရောက်သည့်နေ့မှစပြီး 3နှစ်အတွင်း အများဆုံး3 ကြိမ်သာ လုပ်ဆောင်နိုင်ပြီး၊ ထပ်မံအသုံးပြုစနစ်ဖြင့် သက်တမ်းတိုးထားပါက 2ကြိမ် ထပ်မံရရှိနိုင်သည်
လျှောက်ထားရသော အကြောင်းရင်း
- အလုပ်ရှင်သည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် အလုပ်စာချုပ်သက်တမ်းကာလအတွင်း စာချုပ်ကို ဖျက်ပယ်ခြင်းနှင့် အလုပ်စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် သက်တမ်းထပ်တိုးရန် ငြင်းဆိုခြင်း
-
အလုပ်နား၊လုပ်ငန်းပိတ်ခြင်း၊ အလုပ်သမားအသုံးပြုခွင့် ရုတ်သိမ်းခံရခြင်း၊ နိုင်ငံခြားလုပ်သား အသုံးပြုခွင့်ကန့်သတ်ခံရခြင်း၊ အလုပ်ရှင်မှ အလုပ်သမားဥပဒေ ဖောက်ဖျက်ခြင်းနှင့် မတရား ဆက်ဆံခံရခြင်းကြောင့် နိုင်ငံခြားလုပ်သား၏ ပြစ်ချက်မဟုတ်သော အကြောင်းရင်းဖြင့် ထိုလုပ်ငန်းခွင်တွင် အလုပ်ဆက်လုပ်ရန် မဖြစ်နိုင်ဟု အသိအမှတ်ပြုကြောင်း အလုပ်သမားဝန်ကြီးမှ ထုတ်ပြန်သော အနေအထား
* အထက်ပါအနေအထားတွင် အလုပ်ပြောင်းခွင့် အရေအတွက် ထည့်မတွက်ပါ
- ထိခိုက်ဒဏ်ရာကြောင့် သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် အလုပ်ဆက်လုပ်ရန် မသင့်တော်သော်လည်း အခြားလုပ်ငန်းခွင်တွင် အလုပ်လုပ်နိုင်သော အနေအထား
လျှောက်ထားရန်ကာလနှင့် လုပ်ငန်းခွင်ပြောင်းခြင်း
လျှောက်ထားရန်ကာလ
- အလုပ်ရှင်နှင့် အလုပ်စာချုပ်ရပ်ဆိုင်းသည့်နေမှ 1လအတွင်း ဂိုယုံစင်တာတွင် အလုပ်ပြောင်းကြောင်း လျှောက်ထားရပြီး အလုပ်ရှာဖွေရေးမှတ်ပုံတင်လက်မှတ်ကို ရယူပါ (လိုအပ်ပါက လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်သက်တမ်း လျှောက်ထားနိုင်)
- နိုင်ငံခြားလုပ်သားသည် အလုပ်ပြောင်းလျှောက်ထားရက်မှ 3လအတွင်း လုပ်ငန်းခွင်ပြောင်းခွင့်ပြုချက်ကို ရယူရန် လိုအပ်သည်။
လုပ်ငန်းခွင်ပြောင်းခြင်း
- အလုပ်ရှင်အား အလုပ်ရှာဖွေသူလုပ်သားကို မိတ်ဆက်ပေးပြီး၊ မိတ်ဆက်ပေးချိန်တွင် အလုပ်ရှာဖွေသူလုပ်သား မိတ်ဆက်ပေးကြောင်း အကြောင်းကာ. (မက်ဆေ့ချ်ပို့သည်)
- အလုပ်ရှင်နှင့် အလုပ်ရှာဖွေသူလုပ်သား အလုပ်စာချုပ်ချုပ်ဆိုပြီး လုပ်သားမှ လူဝင်မှုကြီးကြပ်ရေးရုံးတွင် လုပ်ငန်းခွင်ပြောင်း ခွင့်ပြုချက်ကို ရယူရမည်