SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

အလုပ်သမားအသုံးပြုခွင့်စနစ်
외국인노동자와 함께 하는 WORK IN KOREA

လူဝင်မှုကြီးကြပ်ရေးဥပဒေ

နိုင်ငံခြားသားမှတ်ပုံတင်ခြင်း

  • ○ နိုင်ငံခြားသားသည် ဝင်ရောက်သည့်နေ့မှစပြီး ရက်90အထက် ကိုရီးယားတွင် နေထိုင်လိုပါက ဝင်ရောက်သည့်နေ့မှစပြီး ရက်90 အတွင်း လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံခြားသားမှတ်ပုံတင်ပြုလုပ်ရမည်
  • နိုင်ငံခြားသားမှတ်ပုံတင်ပြုလုပ်ပါက လက်ဗွေကိုလည်း မှတ်တမ်းတင်ထားရမည်။
  • မှတ်ပုံတင်ပြီးနောက် နိုင်ငံခြားသားမှတ်ပုံတင်ကဒ် ထုတ်ပေးပြီး (2~3ပတ်ကြာနိုင်), နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကို ကိုရီးယားတွင်နေထိုင်စဥ် အတွင်း မှတ်ပုံတင်အဖြစ် အသုံးပြု (အထောက်အထားစီစစ်ရေးမှလွဲပြီး အခြားရည်ရွက်ချက်ဖြင့် အသုံးမပြုရ)
* နိုင်ငံခြားသားမှတ်ပုံတင်ကဒ် ပျောက်သွားပါက 14ရက်အတွင်း ပြန်လည်လျှောက်ထားရမည်
* ပတ်စပို့ ပျောက်သွားပါက မြန်မာသံရုံးတွင် ပြန်လည် လျှောက်ထားရမည်
* နိုင်ငံခြားသားသည် ပတ်စပို့ သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကို အမြဲကိုင်ဆောင်ထားရန်နှင့် တာဝန်ရှိဝန်ထမ်းမှ တာဝန်အရ စစ်ဆေးပါက ထုတ်ပြရမည်။
တင်သွင်းရန် စာရွက်စာတမ်း
  1. လျှောက်လွှာ, ပတ်စပို့, နောက်ခံအဖြူ ဓာတ်ပုံ(3.5×4.5cm, 1ပုံ), လျှောက်လွှာကြေး
  2. လုပ်ငန်းမှတ်ပုံတင် မိတ္တူ
  3. တရားရေးရာဝန်ကြီးဌာန သတ်မှတ်ဆေးရုံမှ ထုတ်ပေးသော မူးယစ်စစ်ဆးကြောင်း အတည်ပြုချက် (မှတ်ပုံမတင်မီ 3လအတွင်း ထုတ်ပေးရပြီး ,ကုန်ကျစရိတ်ကို မိမိမှ ကျခံရမည်
  4. (အလုပ်ပြောင်းထားသူဖြစ်ပါက) အလုပ်လုပ်ကြောင်းခွင့်ပြုချက် မိတ္တူ၊ အလုပ်စာချုပ်မိတ္တူ

နေထိုင်ခွင့်သက်တမ်းတိုး ခွင့်ပြုချက်

  • နိုင်ငံခြားသားသည် နေထိုင်ခွင့်သက်တမ်းကို ကျော်လွန်ပြီး နေထိုင်လိုပါက သက်တမ်းမကုန်မီ 4လအလိုမှ စပြီး လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့်ကာလ သတ်တမ်းတိုး ခွင့်ပြုချက်ကို ရယူရမည်(သက်တမ်းကုန်သော နိုင်ငံခြားသားသည် မဖြစ်မနေ ထွက်ခွာရမည်)
    * နေထိုင်ခွင့်သက်တမ်းကို နိုင်ငံခြားသားမှတ်ပုံတွင် အနောက်ခြမ်းတွင် ရေးသားထား
  • နေထိုင်ခွင့်သက်တမ်းသည် အလုပ်လုပ်ခွင့်ကာလ(3နှစ် သို့မဟုတ် 4နှစ် 10လ)ကို ခွင့်ပြုကာလ (အလုပ်စာချုပ်သက်တမ်း)အတွင်း ပေးထားသည်
တင်သွင်းရန် စာရွက်စာတမ်း
  1. လျှောက်လွှာ, ပတ်စပို့, နိုင်ငံခြားသားမှတ်ပုံတင်, လျှောက်လွှာကြေး
  2. လုပ်ငန်းမှတ်ပုံတင် မိတ္တူ, အလုပ်လုပ်ကြောင်းခွင့်ပြုချက် မိတ္တူ, အလုပ်စာချုပ်မိတ္တူ
  3. အာမခံကြောင်းထောက်ခံစာ
  4. (ထပ်မံအသုံးပြုခွင့်ရသူ) အလုပ်ရှာကာလ သတ်တမ်းတိုးကြောင်း ထောက်ခံစာ(ဂိုယုံစင်တာ)
  5. (အလုပ်ပြောင်းထားသူ*) အလုပ်ရှာဖွေရေးမှတ်ပုံတင်လက်မှတ် (ဂိုယုံစင်တာ)
  6. နေထိုင်ကြောင်း အထောက်အထားစာရွက်(အိမ်ငှားစာချုပ်, နေထိုင်ကြောင်းထောက်ခံစာ)
* အလုပ်ရှာကာလ(3လ) အတွင်း နေထိုင်ခွင့်သက်တမ်း ကုန်ပါက မဖြစ်မနေ နေထိုင်ခွင့်ကာလ သက်တမ်းတိုးကြောင်း လျှောက်ထားရမည် (အလုပ်ရှာကာလအတွင်း သက်တမ်းတိုးနိုင်)

လုပ်ငန်းခွင်ပြောင်း လျှောက်ထားခြင်း

  • နိုင်ငံခြားသားသည် ကိုရီးယားမဝင်ခင် အလုပ်လုပ်ချုပ် ချုပ်ဆိုထားသော လုပ်ငန်းတွင် ဆက်တိုက်အလုပ်လုပ်ရမည်ဖြစ်သော်လည်း မလွဲမရှောင်နိုင်သော အနေအထားတွင် အလုပ်ပြောင်းနိုင်သည်
  • အလုပ်ရှင်နှင့် အလုပ်ရှာဖွေသူလုပ်သား အလုပ်စာချုပ်ချုပ်ဆိုပြီး လုပ်သားမှ လူဝင်မှုကြီးကြပ်ရေးရုံးတွင် လုပ်ငန်းခွင်ပြောင်း ခွင့်ပြုချက်ကို ရယူရမည်
တင်သွင်းရန် စာရွက်စာတမ်း
  1. လျှောက်လွှာ, ပတ်စပို့, နိုင်ငံခြားသားမှတ်ပုံတင်
  2. အလုပ်လုပ်ကြောင်းခွင့်ပြုချက် မိတ္တူ, အလုပ်စာချုပ်မိတ္တူ
  3. အာမခံကြောင်းထောက်ခံစာ
  4. လုပ်ငန်းမှတ်ပုံတင် စသော လုပ်ငန်းပိုင်းဆိုင်ရာ သက်သေအထောက်အထား
※ မှတ်ချက်-နိုင်ငံခြားသားမှတ်ပုံတင် ပြန်အပ်ရမည်
  • နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်ထားသော နိုင်ငံခြားလုပ်သားသည် အပြီးပြန်ပါက နိုင်ငံခြားသားမှတ်ပုံတင်ကို ပြန်အပ်ရမည်
    • ပြန်လည်ဝင်‌ရောက်စနစ်ဖြင့် ပြန်လာမည့်သူသည် နိုင်ငံခြားသားမှတ်ပုံတင်ကို မအပ်ပဲ ထွက်ခွာခဲ့ပါက ပြန်လာမရပါ
  • နိုင်ငံခြားသားမှတ်ပုံတင် ပြန်အပ်ပြီး ထွက်ခွာပါက နဂိုနေထိုင်ခွင့် ပျက်ပြယ်နိုင်သဖြင့် ယာယီထွက်ခွာပါက ပြန်မအပ်ရန် သတိပြုရမည်