- အလုပ်သမားအသုံးပြုခွင့်စနစ်
- 외국인노동자와 함께 하는 WORK IN KOREA
လုပ်သက်ခံစားခွင့် အာမခံ
လုပ်သက်ခံစားခွင့် အာမခံ
နိုင်ငံခြားလုပ်သားကို အသုံးပြုသော အလုပ်ရှင်သည်၊ နိုင်ငံခြားလုပ်သား၏ ပြည်ပထွက်ခွာခြင်း စသော အလုပ်စာချုပ်ပြီးဆုံးချိန်တွင် ထွယ်ဂျီဂွန်ပေးရန်အတွက် နိုင်ငံခြားလုပ်သားကို အာမခံ ခံစားခွင်ရှိသူအဖြစ်ထားရှိကာ၊ အလုပ်စာချုပ် အကျိုးသက်ရောက်သည့်နေ့မှ 15ရက်အတွင်း ထည့်သွင်းရမည့် အာမခံ
- အလုပ်စာချုပ် အကျိုးသက်ရောက်သည့်နေ့- ဝင်ရောက်သည့်နေ့(E-9 လုပ်သားသစ်) သို့မဟုတ် စာချုပ်ချုပ်သည့်နေ့( H-2 နှင့် E-9 အလုပ်ပြောင်းထားသူ)
- မထည့်ဝင်ပါက ဒဏ်ငွေ ဝမ်သိန်း50အောက်, 3ကြိမ်အထက် မထည့်ပါက နောက်ကျကြေး (1ကြိမ်- ဝမ်8သိန်း, 2ကြိမ်- ဝမ်16သိန်း, 3ကြိမ်- ဝမ် 32သိန်း)
သက်ဆိုင်သူ
- 「နိုင်ငံခြားလုပ်သား အသုံးပြုခွင့်ဥပဒေ」ပုဒ်မ18 နှင့် ပုဒ်မ 18 အပိုင်း2အရ အလုပ်လုပ်ခွင့်ကာလ 1နှစ်အထက်ကျန်ရှိသော နိုင်ငံခြားလုပ်သားကို အသုံးပြုသူ အလုပ်ရှင်
- အလုပ်လုပ်ခွင့်ကာလ 1နှစ်အထက်ကျန်ရှိသော အလုပ်ပြောင်းထားသော နိုင်ငံခြားလုပ်သားကို အသုံးပြုသော အလုပ်ရှင်သည် ‘အလုပ်စာချုပ် အကျိုးသက်ရောက်သည့်နေ့’မှစပြီး 15ရက်အတွင်း လုပ်သက်ခံစားခွင့်အာမခံ သွင်းရမည်။
အာမခံသွင်းခြင်းလုပ်ငန်းစဥ်
- အလုပ်ရှင်သည် ပညာပေးသင်တန်း သို့မဟုတ် သတ်မှတ်ထားသော အာမခံရုံးမှတစ်ဆင့် ပေးသွင်းသည်။
- သင်တန်းကာလအတွင်း လုပ်ထားသော ဘဏ်စာအုပ်ထဲမှ လုပ်သက်ခံစားခွင့်အာမခံကြေးကို သွင်းရမည့် ကာလအတွင်း အော်တိုဖြတ်ကာ အာမခံ သွင်းသည်။
သွင်းရမည့်အာမခံကြေး- လစာ(ပျမ်းမျှလစာ)၏ 8.3%, လစဥ်သွင်းရန်
အာမခံကြေး ရနိုင်သောအကြောင်းရင်း နှင့် လျှောက်ထားနည်း
- (ရနိုင်သောအကြောင်းရင်း) လုပ်ငန်းခွင်တစ်ခုထဲတွင် 1နှစ်အထက် လုပ်ကိုင်သော နိုင်ငံခြားလုပ်သား၏ ပြည်ပထွက်ခွာခြင်း(ယာယီထွက်ခွာခြင်းမှလွဲ၍), သေဆုံးခြင်း, ဗီဇာပြောင်းခြင်း
- 1နှစ်မပြည့်သော နိုင်ငံခြားလုပ်သားဖြစ်ပါက အလုပ်ရှင်မှ ထုတ်ယူသည်
- (လျှောက်ထားနည်း) နိုင်ငံခြားလုပ်သား အာမခံလျှောက်လွှာ, ဘဏ်စာအုပ်မိတ္တူ, နိုင်ငံခြားသားကဒ် တို့ကို ပြင်ဆင်ပြီး ထည့်သွင်းထားသော အာမခံရုံးတွင် လျှောက်ရန်
- နိုင်ငံခြားလုပ်သားမှ သေဆုံးခဲ့ပါက ကျန်ရစ်သူမိသားစုအတည်ပြုစာ(မိမိနိုင်ငံရှိ သံရုံးမှအတည်ပြုစာ) နှင့် ကျန်ရစ်သူမိသားစု၏ ဘဏ်စာအုပ်မိတ္တူတို့ ပြင်ဆင်ပြီး အာမခံလျှောက်ရန်
အာမခံလျှောက်ထားပါက တင်သွင်းရမည့်စာရွက်စာတမ်း
နိုင်ငံခြားလုပ်သား လျှောက်ပါက | အလုပ်ရှင်လျှောက်ပါက |
---|---|
|
|
- (ပေးချေမည့်ကာလ) နိုင်ငံခြားလုပ်သား ပြည်ပထွက်သည့်နေ့မှ 14ရက်အတွင်း
- ဗီဇာပြောင်းခြင်း , သေဆုံးခြင်းတို့ကြောင့် လျှောက်ထားခြင်း၊ ပြည်ပထွက်ခွာပြီး နောက်ပိုင်းတွင် လျှောက်ထားပါက 14ရက်အတွင်း ပေးချေသည်။
အာမခံကြေး ပေးချေခြင်း
- အာမခံရုံးသည် ပေးချေရမည့်အကြောင်းရင်းနှင့် လက်ခံမည့်သူကို စစ်ဆေးကာ, နိုင်ငံခြားလုပ်သား (လေဆိပ်ထုတ်ယူခြင်းနှင့် မိမိနိုင်ငံရှိ ဘဏ်ကိုလွှဲခြင်း) နှင့် အလုပ်ရှင်အား အာမခံကြေးပေးခြင်း (ဘဏ်သို့ လွှဲပေးခြင်း)
ထွယ်ဂျီဂွန် ခန့်မှန်းတွက်ချက်ခြင်း “EPS မိုဘိုင်းဝန်ဆောင်မှု (APP)” လုပ်ဆောင်
-
အလုပ်ထွက်ရန်(ပြင်ဆင်) နိုင်ငံခြားလုပ်သားအား ထွယ်ဂျီဂွန် ခန့်မှန်းတွက်ချက်ခြင်း အတွက် ကိုးကားနိုင်စေရန်အတွက် ရည်ရွယ်သည်
- လုပ်သက်ခံစားခွင့်အာမခံ ခန့်မှန်းပမာဏ စစ်ဆေး
- ထွယ်ဂျီဂွန် ခန့်မှန်းတွက်ချက်ခြင်း,
- ကွာခြားပမာဏ တွက်ချက်ခြင်းကို အပြန်အလှန် ချိတ်ဆက်ခြင်းဖြင့် လုပ်ဆောင်