- အလုပ်သမားအသုံးပြုခွင့်စနစ်
- 외국인노동자와 함께 하는 WORK IN KOREA
လစာမရခြင်းအတွက် အာမခံ
လစာမရခြင်းအတွက်အာမခံ
နိုင်ငံခြားလုပ်သားကို အသုံးပြုသော အလုပ်ရှင်သည် လစာကြွေးကျန်အတွက် ကြိုတင်ပြင်ဆင်ပြီး နိုင်ငံခြားလုပ်သားကို အာမခံထားသူ (သို့) ခံစားခွင့်ရှိသူအဖြစ်ထားကာ အလုပ်စာချုပ် အကျိုးသက်ရောက်သည့်နေ့မှ 15ရက်အတွင်း ထည့်သွင်းရမည့်အာမခံ
မထည့်သွင်းပါက ဝမ်သိန်း50အောက် ဒဏ်ငွေ
သက်ဆိုင်သူ
- အချိန်ပြည့်လုပ်သား အယောက်300အောက် လုပ်ငန်းခွင်နှင့် အခငွေကြေးတောင်းဆိုမှု အာမခံ အကျုံးမဝင်သော လုပ်ငန်းခွင်
အာမခံ သွင်းခြင်းလုပ်ငန်းစဥ်
- အလုပ်ရှင်မှ အာမရုံး(ဆိုးလ်အာမခံ)မှ တစ်ဆင့် ထည့်သွင်းနိုင်
သွင်းရမည့်အာမခံကြေး -တစ်နှစ် ဝမ် 15,000ခန့် , တစ်ခါတည်းပေးဆောင်ရန်
အာမခံကြေး ရနိုင်သောအကြောင်းရင်း နှင့် လျှောက်ထားနည်း
- (ရနိုင်သောအကြောင်းရင်း) လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အလုပ်သမားရုံးတွင် လစာအကြွေးကျန်မှု မှန်ကန်ကြောင်း အတည်ပြုပေးပါက
- (လျှောက်ထားနည်း) လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အလုပ်သမားရုံး (လုပ်ငန်းခွင်တိုးတက်ကောင်းမွန်ရေး)တွင် လစာအကြွေးကျန်မှု မှန်ကန်ကြောင်း စာရွက်ရယူပြီး အာမခံရုံးတွင် လျှောက်ထားရမည်
- < အာမခံလျှောက်ထားပါက တင်သွင်းရမည့်စာရွက်စာတမ်း >
- ① အာမခံကြေးလျှောက်လွှာ 1စောင်, ဘဏ်စာအုပ်မိတ္တူ (မိမိအမည်ဖြင့်) 1စုံ
- ② နိုင်ငံခြားလုပ်သား ကာယကံရှင်မှန်ကန်ကြောင်း(ပတ်စပို့နှင့် နိုင်ငံခြားသားမှတ်ပုံတင်မိတ္တူ) 1စုံ
- ③ လစာအကြွေးကျန်မှု မှန်ကန်ကြောင်း(အလုပ်သမားရုံး) 1စုံ
အာမခံကြေး ပေးချေခြင်း
- အာမခံရုံးသည် လစာမပေးခြင်းနှင့် အကြွေးကျန် မှန်ကန်ကြောင်းကို စစ်ဆေးပြီးနောက် သတ်မှတ်အာမခံကြေး (ဝမ်သိန်း40) ပမာဏထဲမှ ကြွေးကျန်လစာငွေကို နိုင်ငံခြားသား လုပ်သားအား ပေးအပ်မည်