- အလုပ်သမားအသုံးပြုခွင့်စနစ်
- 외국인노동자와 함께 하는 WORK IN KOREA
အပြန်စရိတ်အာမခံ
အပြန်စရိတ်အာမခံ
နိုင်ငံခြားလုပ်သား၏ အပြန်စရိတ် စီစဥ်နိုင်ရန်အတွက် အလုပ်စာချုပ် အကျိုးသက်ရောက်သည့်နေ့မှစ၍ 3လအတွင်း သွင်းရမည့် အာမခံ
* မထည့်သွင်းပါက နောက်ကျကြေး (1ကြိမ်- ဝမ်8သိန်း, 2ကြိမ်- ဝမ်16သိန်း, 3ကြိမ်- ဝမ် 32သိန်း)
သက်ဆိုင်သူ- နိုင်ငံခြားလုပ်သားအားလုံး(ခြွင်းချက်မရှိ)
အာမခံ သွင်းခြင်းလုပ်ငန်းစဥ်
- နိုင်ငံခြားလုပ်သားမှ ပညာပေးသင်တန်းကျောင်း သို့မဟုတ် သတ်မှတ် အာမခံရုံးမှတစ်ဆင့် ပေးသွင်းသည်
- သင်တန်းကာလအတွင်း လုပ်ထားသော ဘဏ်စာအုပ်မှ အပြန်စရိတ်အာမခံကြေး သတ်မှတ်ပမာဏကို အော်တိုဖြတ်ပြီး အာမခံသွင်းသည်
သွင်းရမည့်အာမခံကြေး
နိုင်ငံအလိုက် ဝမ် 4သိန်းမှ ဝမ်6သိန်း, တစ်ခါတည်း သို့မဟုတ် 3ကြိမ်ခွဲသွင်းရမည်
* ဝမ်4သိန်း- တရုတ်, ဖိလပိုင်, အင်ဒို, ထိုင်း, ဗီယက်နမ်
ဝမ်5သိန်း-မွန်ဂို, ကမ္ဘောဒီးယား, နီပေါ, ဥဇဘက်ကစ္စတန်, ဘင်္ဂလားဒေ့ရှ်, မြန်မာ,ပါကစ္စတန်, အရှေ့တီမော, ကာဂျစ္စတန်, လာအို ဝမ်6သိန်း-သီရိလင်္ကာ
အာမခံကြေး ရနိုင်သောအကြောင်းရင်းနှင့် လျှောက်ထားနည်း
- (ရနိုင်သောအကြောင်းရင်း) နေထိုင်ခွင့်ကာလပြည့်ပြီး ထွက်ခွာခြင်း၊ နေထိုင်ခွင့်ကာလ မပြည့်ခင် မိမိသဘောဖြင့် ထွက်ခွာခြင်း (ယာယီထွက်ခွာခြင်းမပါ)၊ လုပ်ငန်းခွင်မှ ထွက်ပြေးထားသူများ မိမိသဘောဖြင့် ထွက်ခွာခြင်းနှင့် အတင်းအကြပ်ပြန်လွှတ်ခံရခြင်း
- (လျှောက်ထားနည်း) လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အလုပ်သမားရုံး (ဂိုယုံစင်တာ)တွင် ‘ပြန်ကြောင်းထောက်ခံစာ’ကို တောင်းပြီး အာမခံရုံးတွင် လျှောက်ထားရမည်
- အာမခံလျှောက်ထားပါက တင်သွင်းရမည့်စာရွက်စာတမ်း
-
- 1အာမခံကြေးလျှောက်လွှာ 1စောင်, ဘဏ်စာအုပ်မိတ္တူ (မိမိအမည်ဖြင့်) 1စုံ
- 2နိုင်ငံခြားလုပ်သား ကာယကံရှင်မှန်ကန်ကြောင်း(ပတ်စပို့နှင့် နိုင်ငံခြားသားမှတ်ပုံတင်မိတ္တူ) 1စုံ
- 3ပြန်ကြောင်းထောက်ခံစာ(ဂိုယုံစင်တာ)1စုံ ‘24.12.16.နောက်ပိုင်း အာမခံသွင်းထားသူများသည် အပြီးထွက်ခွာခြင်းနှင့် ဗီဇာပြောင်းလဲပါက အပြန်စရိတ်အာမခံအား အော်တို ပြန်ထည့်ပေးမည်
အာမခံကြေး ပေးချေခြင်း
- အာမခံရုံးသည် အာမခံပေးရခြင်းအကြောင်းရင်းကို စစ်ဆေးပြီး ထွက်ခွာ ရက်မတိုင်ခင် နိုင်ငံခြားလုပ်သား၏ ဘဏ်စာအုပ်သို့ ပေးချေသည်