SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

အလုပ်သမားအသုံးပြုခွင့်စနစ်
외국인노동자와 함께 하는 WORK IN KOREA

ပြင်ပထိခိုက်မှုအာမခံ

ပြင်ပထိခိုက်မှုအာမခံ

နိုင်ငံခြားလုပ်သား၏ လုပ်ငန်းခွင် ထိခိုက်မှုမှလွဲ၍ သေဆုံးခြင်း သို့မဟုတ်မသန်စွမ်းမှုများ ဖြစ်ပေါ်ခြင်းအား ကြိုတင်ပြင်ဆင်ရန်အတွက် အလုပ်စာချုပ် အကျိုးသက်ရောက်သည့် နေ့မှစ၍ 15ရက်အတွင်း သွင်းရမည့် အာမခံ

* မထည့်သွင်းပါက ဝမ်သိန်း50အောက် ဒဏ်ငွေ

သက်ဆိုင်သူ- နိုင်ငံခြားလုပ်သားအားလုံး(ခြွင်းချက်မရှိ)

အာမခံ သွင်းခြင်းလုပ်ငန်းစဥ်

  • နိုင်ငံခြားလုပ်သားမှ ပညာပေးသင်တန်းကျောင်း သို့မဟုတ် သတ်မှတ်အာမခံရုံးမှတစ်ဆင့် ပေးသွင်းသည်
  • သင်တန်းကာလအတွင်း လုပ်ထားသော ဘဏ်စာအုပ်မှ ပြင်ပထိခိုက်မှုအာမခံကြေး သတ်မှတ်ပမာဏကို အော်တိုဖြတ်ပြီး အာမခံသွင်းသည်
    • အလုပ်စာချုပ်သက်တမ်းကို အာမခံ ကာလအဖြစ် သတ်မှတ်ပြီး၊ ထပ်မံ သက်တမ်းတိုးပါက ပြင်ပအာမခံ ပြန်သွင်းရန် (24.12.16.နောက်ပိုင်း အာမခံသွင်းသူများ ဘာမှထပ်လုပ်ရန်မလိုဘဲ ပထမဆုံး ချိတ်ထားသော ဘဏ်ကို ဆက်လက်အသုံးပြုနေပြီး ပိုက်ဆံထည့်ထားပါက အော်တိုသက်တမ်းတိုးမည်)
    • အာမခံကာလအတွင်း အပြီးပြန်ပါက ကျန်သော အာမခံကြေး ပြန်အမ်းသည်

သွင်းရမည့်အာမခံကြေး -3နှစ်/ဝမ်20,000ခန့်(အသက်အရွယ်, ကျားမပေါ်မူတည်ပြီး ကွာခြားနိုင်)

အာမခံကြေး ရနိုင်သောအကြောင်းရင်းနှင့် လျှောက်ထားနည်း

  • (ရနိုင်သောအကြောင်းရင်း) လုပ်ငန်းခွင် ထိခိုက်မှုမှလွဲ၍ အခြားသောအကြောင်းရင်းကြောင့် သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်ခြင်း
အာမခံချက် သတ်မှတ်အာမခံကြေး
လုပ်ငန်းခွင် မတော်တဆမှုမှလွဲ၍ အခြားထိခိုက်မှုကြောင့် သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ အများဆုံးဝမ် သိန်း300ထိ
လုပ်ငန်းခွင် မတော်တဆမှုမှလွဲ၍ ရောဂါကြောင့် သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ အများဆုံးဝမ် သိန်း150ထိ
  • (လျှောက်ထားနည်း) လုပ်ငန်းခွင် ထိခိုက်မှုမှလွဲ၍ အခြားသောအကြောင်းရင်းကြောင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကျန်ခြင်းနှင့် သေဆုံးခြင်းဖြစ်ပွားပါက နိုင်ငံခြားလုပ်သား သို့မဟုတ် ကျန်ရစ်သူမိသားစုမှ အာမခံရုံးသို့ လျှောက်ထားရန်

အာမခံလျှောက်ထားပါက တင်သွင်းရမည့်စာရွက်စာတမ်း

သတ်မှတ်ချက် တင်သွင်းရမည့် အချက်အလက်
နောက်ဆက်တွဲဆိုးကျိုး ကျန်ခဲ့ပါက
  • ① အာမခံကြေးလျှောက်လွှာ 1စောင်
  • ② နိုင်ငံခြားလုပ်သား ကာယကံရှင်မှန်ကန်ကြောင်း(ပတ်စပို့နှင့် နိုင်ငံခြားသားမှတ်ပုံတင်မိတ္တူ) 1စုံ
  • ③ နောက်ဆက်တွဲဆိုးကျိုးကျန်ကြောင်း‌ ထောက်ခံစာ1စုံ
  • ④ မိမိအမည် ဘဏ်စာအုပ်မိတ္တူ1စုံ
သေဆုံးခဲ့ပါက
  • ① အာမခံကြေးလျှောက်လွှာ 1စောင်
  • ② ကျန်ရစ်သူမိသားစု မှန်ကန်ကြောင်း (အိမ်ထောင်စုဇယား)1စုံ
  • ③ သေဆုံးကြောင်းထောက်ခံစာ1စုံ
  • ④ ကျန်ရစ်သူမိသားစုအမည် ဘဏ်စာအုပ်မိတ္တူ1စုံ

အာမခံကြေး ပေးချေခြင်း

  • နိုင်ငံခြားလုပ်သား သို့မဟုတ် ကျန်ရစ်သူမိသားစု၏ ဘဏ်စာအုပ်ကို အာမခံကြေး ပေးချေသည်