- အလုပ်သမားအသုံးပြုခွင့်စနစ်
- 외국인노동자와 함께 하는 WORK IN KOREA
home
အလုပ်သမားအသုံးပြုခွင့်စနစ်
ပြန်လည်ဝင်ရောက်ခြင်း ခွင့်ပြုသည့်စနစ်
ပြန်လည်ဝင်ရောက်ခြင်း ခွင့်ပြုသည့်စနစ်
ပြန်လည်ဝင်ရောက်ခြင်း ခွင့်ပြုသည့်စနစ်
ပြန်လည်ဝင်ရောက်ခြင်းစနစ်
-
အလုပ်လုပ်ခွင့်ကာလ(4နှစ် 10လ)ကုန်ဆုံးသွားသော နိုင်ငံခြားလုပ်သားကို အလုပ်ရှင်မှ ဆက်လက် အလုပ်ခန့်အပ်လိုပါက နိုင်ငံခြားသားလုပ်သားမှ နိုင်ငံပြန်ပြီး 1လအကြာတွင် ပြန်လည်ဝင်ရောက်ပြီး ယခင်အလုပ်တွင် ဆက်လက် အလုပ်လုပ်နိုင်ရန် ထောက်ပံ့ပေးသောစနစ်
* ဦးစားပေးချက်- ကိုရီးယားအရည်အချင်းစစ်စာမေးပွဲနှင့် မဝင်ရောက်ခင်နှင့် ဝင်ရောက်ပြီး ပညာပေးသင်တန်းများ တက်ရန်မလို၊ အသက်ကန့်သတ်ချက်မရှိ
သက်မှတ်ချက်
(သက်ဆိုင်သူ) အောက်ပါအချက်များ အားလုံးပြည့်စုံသောသူ
- နိုင်ငံခြားလုပ်သား ပြန်လည်ဝင်ရောက်ခြင်းစနစ် သတ်မှတ်ချက်များ
- ① အလုပ်သမားအသုံးပြုခွင့်စနစ်(E-9)ဖြင့် ဝင်ရောက်ပြီး အလုပ်လုပ်ခွင့်ကာလ(4နှစ် 10လ)ပြည့်သည်အထိ အလုပ်မပြောင်းဘဲ ဆက်တိုက် အလုပ်လုပ်နေသာ နိုင်ငံခြားလုပ်သား
- ② အမျိုးအစားတူ(လုပ်ငန်း)အတွင်း အလုပ်ပြောင်းထားပြီး နောက်ဆုံးအလုပ်ရှင်နှင့် အလုပ်စာချုပ်သက်တမ်း 1နှစ်အထက်ရှိသူ
- ③ နိုင်ငံခြားလုပ်သား၏ ပြစ်ချက်မဟုတ်သော အကြောင်းရင်းဖြင့် အလုပ်ထွက်ထားပြီး နောက်ဆုံးအလုပ်ရှင်နှင့် အလုပ်စာချုပ်သက်တမ်း 1နှစ်အထက်ရှိသူ
- ④ နိုင်ငံခြားလုပ်သား၏ ပြစ်ချက်မဟုတ်သော အကြောင်းရင်းဖြင့် အလုပ်ထွက်ထားသော်လည်း နောက်ဆုံးအလုပ်ရှင်နှင့် အလုပ်စာချုပ်သက်တမ်းသည် 1နှစ်အောက်ဖြစ်သော်လည်း အလုပ်အကိုင်တည်မြဲရေးဌာနမှုးသည် လူ့အခွင့်အရေးကော်မတီ၏ သဘောထားကို လိုက်နာပြီး ပြည်လည်ဝင်ရောက်ရန် သင့်တော်သည်ဟု အသိအမှတ်ပြုသူ
- E-9 ဗီဇာဖြင့် ကိုရီးယားနိုင်ငံတွင်း နေထိုင်သည့်ကာလ 5နှစ်အောက်ဖြစ်ရမည်
- စိုက်ပျိုးမွေးမြူရေး, ရေလုပ်ငန်း, ဝန်ဆောင်မှု, ကုန်ထုတ်, ဆောက်လုပ်ရေး, တူးဖော်ရေး
- ပြန်လည်ဝင်ရောက်ပြီး အလုပ်လုပ်သည့်နေ့မှ စတင်အကျိုးသက်ရောက်မှုရှိသော အလုပ်စာချုပ်ကို 1နှစ်အထက်ချုပ်ထားရန်
- လုပ်ငန်းခွင်အလိုက် နိုင်ငံခြားအသုံးပြုနိုင်သူဦးရေ စသော အလုပ်သမားအသုံးပြုခွင့်စနစ် သတ်မှတ်ချက်နှင့် ကိုက်ညီရမည်
<ပြန်လည်ဝင်ရောက်ခြင်းစနစ် သက်ဆိုင်သူ>
* ပြန်လည်ဝင်ရောက်ခွင့်စနစ်ကို 1ကြိမ်သာ ခွင့်ပြုပြီး အလုပ်လုပ်ခွင့်ကာလအား နောက်ထပ် 3နှစ်+ 1နှစ်ဆယ်လ ခွင့်ပြု
လျှောက်ထားနည်း
- (လျှောက်ထားနိုင်သူ) ပြန်လည်ဝင်ရောက်စနစ် သက်ဆိုင်သူကို အသုံးပြုသော အလုပ်ရှင်
- (လျှောက်ထားကာလ) ပြန်လည်ဝင်ရောက်စနစ် သက်ဆိုင်သူ၏ အလုပ်လုပ်ခွင့်ကာလ မကုန်ဆုံးခင် 3လ အလိုမှ 7ရက်အလိုထိ သက်ဆိုင်ရာ ဂိုယုံစင်တာတွင် လျှောက်ထားရမည်
ပြန်လည်ဝင်ရောက်ရန် လုပ်ငန်းစဥ်
-
(ထွက်ခွာရန်နှင့် ပြန်ရောက်ကြောင်းလျှောက်ခြင်း) နိုင်ငံခြားလုပ်သား မထွက်ခွာခင်
- ▲ အလုပ်စာချုပ် ချုပ်ဆိုပြီး
- ▲ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကို ပြန်အပ်ရမည်။
- ▲ သေချာပေါက် နေထိုင်ခွင့်သက်တမ်းမကုန်ခင် ထွက်ခွာရမည်။ ထွက်ခွာပြီးနောက် 7ရက်အတွင်း ပြင်ပအလုပ်အကိုင်အေဂျင်စီရုံးသို့ ပြန်ရောက်ကြောင်း အကြောင်းကြားရမည်
-
(ဗီဇာထုတ်ပေးမှုအတည်ပြုချက်လျှောက်ထားခြင်း) လုပ်သားသည် နိုင်ငံမှထွက်ခွာပြီးနောက် အလုပ်ရှင်သည် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာထုတ်ပေးမှု အတည်ပြုချက်လျှောက်ထားရမည် (လုပ်သား မထွက်ခွာမီ လျှောက်မရပါ)
-
(ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဗီဇာလျှောက်ခြင်း) နိုင်ငံခြားလုပ်သားသည် အမိနိုင်ငံပြန်ရောက်ပြီးနောက် ပြည်ပအလုပ်အကိုင်အေဂျင်စီရုံး၏ လမ်းညွှန်ချက်အတိုင်း ဆေးစစ်မှုခံယူပြီး ဗီဇာလျှောက်ရန် လိုအပ်သော စာရွက်စာတမ်းများ တင်သွင်းရမည်။
-
(ပြည်ဝင်ခြင်းနှင့် လွှဲပြောင်းခြင်း) နိုင်ငံခြားလုပ်သားသည် ကိုရီးယားHRDနှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီရုံးမှ သတ်မှတ်ပေးသော နေ့တွင် အတူတကွ ပြည်ဝင်ရောက်ပြီး သတ်မှတ်ထားသော နေရာသို့ သွားရမည် (တစ်ယောက်စီ ပြည်ဝင်ခွင့်မရှိ)
- ဆေးစစ်ခြင်းနှင့် အလုပ်သမားအသုံးပြုခွင့်စနစ် သီးသန့်အာမခံ ထည့်သွင်းပြီးနောက် အလုပ်ရှင်ထံ နိုင်ငံခြားလုပ်သားအား လွှဲပြောင်းပေးသည်