SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

အလုပ်သမားအသုံးပြုခွင့်စနစ်
외국인노동자와 함께 하는 WORK IN KOREA

အထူးကိုရီးယား အရည်အချင်းစစ် စာမေးပွဲ

အထူးကိုရီးယားအရည်အချင်းစစ် စာမေးပွဲ

  • နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးရက် မတိုင်ခင် မိမိသဘောဖြင့် နိုင်ငံမှထွက်ခွာသော လုပ်သားများအတွက် CBT စာမေးပွဲခန်းတွင် သတ်မှတ်ချိန်အလိုက် လုပ်ဆောင်သော ကိုရီးယားအရည်အချင်းစစ် စာမေးပွဲ
    • သက်ဆိုင်သည့်နိုင်ငံ -လုပ်သားပေးပို့သော 16နိုင်ငံ
    • စာမေးပွဲကြေငြာချက်-သက်ဆိုင်ရာနိုင်ငံ သတင်းစာနှင့် အင်တာနက်စာမျက်နှာတို့မှ တစ်ဆင့် ကြေငြာသည်။

စာမေးပွဲဖြေဆိုခွင့်ရှိသူ

  • ထပ်မံအသုံးပြုခွင့်(3နှစ်+1နှစ် 10လ) ရရှိထားပြီးနောက် နေထိုင်ခွင့်သက်တမ်းကာလအတွင်း မိမိသ‌ဘောဖြင့် နိုင်ငံမှထွက်ခွာသော နိုင်ငံခြားလုပ်သား
    • E-9, E-10 ဗီဇာဖြင့် ကိုရီးယားတွင် စုစုပေါင်း 5နှစ်အောက် နေထိုင်ခဲ့သော နိုင်ငံခြားလုပ်သား
  • သာမန် ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ရှိသူ (18နှစ်မှ 39နှစ်၊ ပြစ်မှုကျူးလွန်ကြောင်းမှတ်တမ်းမရှိသူ၊ တရားမဝင်နေထိုင်ခဲ့ခြင်းမရှိသူ၊ ပေးပို့သည့်နိုင်ငံမှ ထွက်ခွာခွင့်ကန့်သတ်ချက်မရှိသူ)
    • စာမေးပွဲဖြေဆိုခွင့် မရှိသူအဖြစ် စစ်ဆေးတွေ့ရှိပါက အောင်မြင်ကြောင်း ကြေငြာပြီး နောက်ပိုင်းတွင်လည်း မအောင်မြင်သူ(အကျုံးမဝင်သူ)အဖြစ် သတ်မှတ်ခံရမည်

ပြန်လည်ဝင်ရောက်ခြင်း လုပ်ငန်းစဥ်

  • အထူးကိုရီးယားအရည်အချင်းစစ် စာမေးပွဲ အောင်မြင်ထားသူသည် နောက်ဆုံးလုပ်ခဲ့သော လုပ်ငန်းခွင်(တနည်းအားဖြင့် နောက်ဆုံးလုပ်ငန်းခွင်)တွင် 1နှစ်အထက် လုပ်ကိုင်ခဲ့ပါက နောက်ဆုံးအလုပ်ရှင်နှင့် နိုင်ငံခြားလုပ်သားတို့ အလုပ်စာချုပ်ချုပ်ဆိုရန် ဆန္ဒရှိပါက (သတ်မှတ်အလုပ်ချပေးခြင်း)
    • ပြန်လည်မဝင်ရောက်မီ သင်တန်းတက်စရာမလိုဘဲ အမြန် ပြန်လည်ဝင်ရောက်နိုင်သည်
  • ➀ နောက်ဆူံးလုပ်ငန်းခွင်တွင် လုပ်သက် 1နှစ်မပြည့်ခြင်း ➁ 1နှစ်အထက် လုပ်ခဲ့ပါသော်လည်း အလုပ်ရှင် သို့မဟုတ် နိုင်ငံခြားလုပ်သားမှ အလုပ်စာချုပ် မချုပ်လိုပါက လူသစ်များအတိုင်း မိတ်ဆက်ပေးခြင်းနှင့် ပြည်ဝင်ခွင့် လုပ်ဆောင်သည်

မှတ်ချက်

  • အထူးကိုရီးယားအရည်အချင်းစစ်စာမေးပွဲအား လိုအပ်သလို လုပ်‌ဆောင်သည်