- အခက်အခဲများဖြေရှင်းမှု
- 외국인노동자와 함께 하는 WORK IN KOREA
လစာ ကိစ္စ
လစာ
မေး- အရင်လက စက်ရုံမှာ အလုပ်မရှိလို့ 10ရက်နားခဲ့ရပါတယ်။ ဒီနေ့လစာပေးတော့ 10ရက် နားခဲ့တာမို့ 10ရက်စာ လစာဖြတ်မယ်လို့ပြောပါတယ်။ 10ရက်စာ လစာဖြတ်ပြီးမှ ရတာ မှန်ပါသလား?
ဖြေ-အလုပ်သမားဥပဒေ အပိုဒ် 45အရ အချိန်ပြည့်လုပ်သား 5ယောက်အထက် လုပ်ငန်းခွင်တွင် အလုပ်ရှင်၏ လိုအပ်ချက်ကြောင့် အလုပ်နားရပါက အလုပ်နားကာလအတွက် ပျမ်းမျှလစာ 100ပုံ၏ 70ထက် ငွေကြေးကို ပေးရမည်ဟု သတ်မှတ်ထားပါတယ်။
သို့သော် အလုပ်ရှင်မှ မလွှဲသာသော အကြောင်းဖြင့် လုပ်ငန်းအား ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်သောကြောင့် အလုပ်သမားကော်မတီ၏ ခွင့်ပြုချက်ကို ရပါက ပျမ်းမျှလစာ 100ပုံ၏ 70အောက် လျော့နည်းသော အလုပ်နားလစာငွေကို ပေးနိုင်သည်။.
အထက်ပါအနေအထားတွင် လုပ်ငန်းမှာအမြဲတမ်းလုပ်သား 5ယောက်အထက်ရှိပြီး အလုပ်ရှင်မှ အလုပ်သမားကော်မတီ၏ ခွင့်ပြုချက် မရထားပါက 10ရက်စာအတွက် အလုပ်နားလစာငွေ ရရှိနိုင်မှာဖြစ်ပြီး၊ အလုပ်နားရက်အတွက် လစာမှ ဖြတ်ခြင်းသည် မသင့်တော်ပါ.
- အလုပ်မကောင်းသောကြောင့် စီးပွားရေးအရ အလုပ်နားရခြင်း
- ကုန်ကြမ်းမလုံလောက်ခြင်း, အမှာနည်းခြင်း
- မီးပျက်ခြင်း, ပစ္စည်းရောင်းအားမကောင်းခြင်း , ငွေကြေးအခက်အခဲဖြစ်ခြင်း
- အလုပ်ရှင်၏ ညွှန်ကြားမှုကြောင့် သက်မှတ်လူထပ် ပိုတင်ပြီး ကားမောင်းခွင့် ရပ်ဆိုင်းကာလ
- ကားပြင်ဆင်ခြင်း၊ ပျက်ခြင်းကြောင့် ကားမောင်းခွင့် ရပ်ဆိုင်းကာလ
- စက်ရုံပြောင်းခြင်း, ပျက်စီးခြင်း
- မိုင်းတွင်းပြိုကျခြင်းကြောင့် ကယ်ဆယ်ရခြင်း
- ငြင်းခုန်မှုဖြစ်ပွားပြီးနောက် အလုပ်ပြန်လုပ်နေစဥ်အတွင်း လုပ်ငန်းဖျက်သိမ်းခြင်း
- မိခင်လုပ်ငန်း၏ ငွေကြေးအခက်အခဲကြောင့် လက်ခွဲလုပ်ငန်းမှ ပစ္စည်းနှင့် ငွေကြေးအခက်အခဲဖြစ်ခြင်း
- ဖြန့်ဖြူးရေးလုပ်ငန်းများ နှောင့်နှေးမှုကြောင့် အလုပ်နားရခြင်း
- ရေကြီးရေလျှံမှု ထိန်းချုပ်ရေးအစီအမံ ပေ့ါဆမှုကြောင့် ရေလျှံပြီး လုပ်ငန်းနားရခြင်း
မေး- ကျွန်တော် သူဌေးနဲ့ တစ်ရက်8 နာရီလုပ်ပြီး လစာ ဝမ်သိန်း250 ရမယ်လို့ စာချုပ်ချုပ်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တစ်ရက်4နာရီ အချိန်ပိုလုပ်ရပြီး လစာကိုလည်း စာချုပ်ထဲကအတိုင်း ဝမ်သိန်း250 ပဲ ရပါတယ်။ အခုချိန်ထိ မရခဲ့တဲ့ အချိန်ပိုကြေး ပြန်ရနိုင်မလား?
ဖြေ- အလုပ်သမားဥပဒေအရ တစ်ရက် 8နာရီထက် ပိုအလုပ်လုပ်ပါက အချိန်ပိုကြး 50%ရရှိနိုင်ပြီး ညဆိုင်းကြေး(ည10နာရီမှ မနက် 6နာရီထိ)ကိုလည်း တူညီတဲ့ အချိန်ပိုကြေး ရနိုင်တယ်လို့ သတ်မှတ်ထားသည်
သို့သော် လုပ်သားနှင့် ညှိနှိုင်းထားသော်လည်း တစ်ပတ်ကို 12နာရီထက်ပိုပြီး အချိန်ပိုမခိုင်းနိုင်ရန် သတ်မှတ်ထားသည်.
မနက် 9နာရီမှ ညနေ6နာရီ (နားချိန်1နာရီဖယ်ထားပြီး)အလုပ်လုပ်ပါက တစ်ရက် 8နာရီ အလုပ်ဝင်တာဖြစ်ပြီး ထိုနောက်ပိုင်း အလုပ်လုပ်ခြင်းအတွက် အလုပ်ရှင်မှ အချိန်ပိုကြေး 50%ကို ပေးရမည်။ အချိန်ပိုသည် ည 10နာရီကျော်သည်အထိ လုပ်ရပါက 10နာရီနောက်ပိုင်း အလုပ်ဆင်းချိန်အတွက် ညဆိုင်းကြေး 50% ထပ်ပေးရမည်
မေး- လစာမရလို့ အလုပ်သမားရုံးကို တိုင်ချင်တာ ဘယ်လိုတိုင်ကြားရမလဲ?
ဖြေ-လစာကို ပြန်လည်ရရှိရန်အတွက် အလုပ်သမားရုံးကို တိုင်ကြားပါက အမှုစစ်သည် တရားစီရင်ရေးအရာရှိ၏ လုပ်ပိုင်ခွင့်အရ လုပ်သားနှင့် အလုပ်ရှင်ကို စစ်ဆေးသည်။ သာမန်အားဖြင့် ငွေကြေးပေးရန် အပြန်အလှန်ဆွေးနွေးပြီး လစာယူရန် ညှိနှိုင်းပြီး အမှုရုပ်သိမ်းကြသော်လည်း၊ အမှုစစ်မှ လစာပေးရန် ပြောသော်လည်း အလုပ်ရှင်မှ ပေးရန်ငြင်းဆိုခြင်းနှင့် လစာပေးရက်ကို နောက်ဆုတ်ပါက အလုပ်ရှင်အား ဥပဒေအရ အရေးယူရန် အစိုးရရှေ့နေရုံးသို့ တိုင်ကြားသည်
- လျှောက်ထားရန်- တိုင်ကြားစာ(ဂိုယုံစင်တာ သတ်မှတ်နမူနာ)
- သက်သေပြန်ရန်-လစာမရကြောင်း အထောက်အထား လစာစာရွက်, လစာစာအိတ်, ဘဏ်စာအုပ်မိတ္တူ အခြား သက်သေပြရန်အချက်အလက်များ
မေး-ကုမ္ပဏီအခြေအနေ မကောင်းဘူးဆိုပြီး လစာပေးဖို့ နောက်ဆုတ်နေတယ်။ လစာကြွေးကျန်ကို ပြန်ရနိုင်ပါ့မလား?.
ဖြေ-နိုင်ငံခြားလုပ်သား သီးသန့်အာမခံဖြစ်သော လစာမရခြင်းအတွက် အာမခံမှတစ်ဆင့် လစာကြွေးကျန် ရရှိနိုင်ပါသည်။ အရင်ဆုံး လုပ်သားမှ အလုပ်သမားရုံး လုပ်ငန်းခွင်တိုးတက်ကောင်းမွန်ရေးဌာနတွင် လစာမရကြောင်း တိုင်ကြားပြီး အမှုစစ်မှ လစာကြွေးကျန်ကို စစ်ဆေးပေးပြီး ‘လစာကြွေးကျန်မှုမှန်ကန်ကြောင်းထောက်ခံစာ’ကို ထုတ်ပေးသည်။ ထို့နောက်တွင် အာမခံလျှောက်လွှာနှင့် လစာကြွေးကျန်မှုမှန်ကန်ကြောင်းထောက်ခံစာကို ဆိုးလ်အာမခံရုံးသို့ ပို့ပြီး ဝမ်သိန်း40ပမာဏအတွင်း လစာကြွေးကျန် ရရှိနိုင်သည်
မေး-လစာမရလို့ တရားစွဲတာ လုပ်ထားပေမယ့် အချိန်အရမ်းကြာပါတယ်။ နေထိုင်ခွင့်သက်တမ်း မကုန်ခင် လစာကြွေးကျန်ပြန်မရရင် ဘယ်လိုလုပ်ရမလဲ?
ဖြေ- G-1(အခြား)ဗီဇာကိုပြောင်းပြီး တရားစွဲတာပြီးသည်အထိ ကိုရီးယားမှာ နေထိုင်နိုင်ပါသည်။ G-1(အခြား)ဗီဇာအား ဆေးကုသခြင်းနှင့် လစာကြွေးကျန် တရားစွဲခြင်းတို့ကြောင့် နေထိုင်ခွင့်သက်တမ်းကို ကျော်လွန်သွားပါက ယာယီထုတ်ပေးသော လူသားချင်းစာနာထောက်ထားမှု ဗီဇာဖြစ်ပါသည်။ တစ်ကြိမ်မှာ 6လခန့် နေထိုင်ခွင့်ရရှိနိုင်ပြီး G-1(အခြား)ဗီဇာ ကိုင်ဆောင်ထားသူသည် နေထိုင်ခွင့်ကာလအတွင်း အလုပ်လုပ်ခွင့်မရှိပါ။. G-1(အခြား)ဗီဇာကို ပြောင်းရန်မဖြစ်နိုင်ပါက ကိုယ်စားလှယ်အား သတ်မှတ်ထားခဲ့ပြီး လစာကြွေးကျန် ရယူနိုင်ပါသည်။
- လစာမရခြင်းနှင့် ဆက်လျဥ်းပြီး 「အလုပ်သမားဥပဒေအရ」တိုင်ကြားခြင်းနှင့် တရားစွဲခြင်း ပြုလုပ်ပါက တင်သွင်းရမည့်စာရွက်စာတမ်း
- လစာကြွေးကျန်ကြောင်း အထောက်အထား
- တရားစွဲဆိုထားကြောင်း အထောက်အထားစာရွက်
- အာမခံကြောင်းထောက်ခံစာ