- အခက်အခဲများဖြေရှင်းမှု
- 외국인노동자와 함께 하는 WORK IN KOREA
အခက်အခဲ ဖြေရှင်းပေးသော ဌာနများ လမ်းညွှန်
နိုင်ငံခြားလုပ်သားသည် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်နေစဥ်အတွင်း ကြုံတွေ့ရသော မတရား ခွဲခြားဆက်ဆံခံရမှုများကို အခက်အခဲဖြေရှင်းပေးသော ဌာနများတွင် အကူအညီတောင်းနိုင်ပြီး ဥပဒေအရ အကာအကွယ် ရယူနိုင်သည်။
အလုပ်သမားရေးရာဝန်ကြီးဌာန
- အလုပ်လုပ်နေစဥ်အတွင်း မတရားမှု ကြုံတွေ့ရသော နိုင်ငံခြားသား၏ အခက်အခဲကို ဖြေရှင်းပေးသော ဌာနဖြစ်ပြီး ၊ သက်ဆိုင်ရာဌာနအလိုက် ခွဲခြားထားကာ အခက်အခဲများနှင့် တိုင်ကြားစာများကို လျှောက်လွှာဌာနမှ လက်ခံပေးသည်။
သက်ဆိုင်ရာဌာန | ဖြေရှင်းပေးသော အကြောင်းအရာ |
---|---|
လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားရုံး လုပ်ငန်းခွင်းတိုးတက်ကောင်းမွန်ရေးရုံး |
အလုပ်သမားဥပဒေဆိုင်ရာ
|
လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားရုံး လုပ်ငန်းခွင် ထိခိုက်မှု ကာကွယ်ရေး |
လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စများ
|
လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားရုံး ဂိုယုံစင်တာ ပူးပေါင်းဆောင်ရွက်ရေးဌာန |
နိုင်ငံခြားလုပ်သား အသုံးပြုခြင်းဆိုင်ရာ
|
အလုပ်သမားရုံး ဆွေးနွေးဌာန (☎1350) | လုပ်သား၏ တိုင်ကြားစာများ လက်ခံဆွေးနွေးခြင်းနှင့်၊ ဖြေရှင်းရေးဌာနများ လမ်းညွှန်ပေးခြင်း |
အလုပ်သမားရုံး အလုပ်သမားရေးရာ ကော်မတီ | မတရားအလုပ်ထုတ်ခံရခြင်း၊ ခွဲခြားဆက်ခံရခြင်း စသော အလုပ်ရှင်ထံမှ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုအား ပြန်လည်ကယ်တင်ပေးခြင်း။ |
တရားရေးရာဌာန
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသား အထွေထွေလမ်းညွှန်စင်တာ
လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုကာလအတွင်း မတရားမှုနှင့် အခက်အခဲများ ဖြေရှင်းခြင်းနှင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုကို ဆွေးနွေးလမ်းညွှန် ဖြေရှင်းပေး (☎ 1345)
နိုင်ငံတော် လူ့အခွင့်အရေး ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ
လူ့အခွင့်အရေးဖောက်ဖျက်မှုနှင့် ခွဲခြားဆက်ဆံခံရမှုအတွက် စစ်ဆေး ကယ်တင်ပေး
အလုပ်သမားလူမှုဖူလှုံရေးဌာန
လုပ်ငန်းခွင်ကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်း၊ မသန်စွမ်းခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပွားပါက ကုသနှင့်အာမခံ လျှောက်ထားခြင်းမှတစ်ဆင့် အာမခံကြေး ထောက်ပံ့(☎ 1588-0075)
နိုင်ငံခြားလုပ်သား ထောက်ပံ့ရေးစင်တာ
အခက်အခဲများ ဆွေးနွေးခြင်း၊ ကိုရီးယား စာနှင့် ယဥ်ကျေးမှု သင်ကြားပေးခြင်း
နိုင်ငံခြားလုပ်သား ဆွေးနွေးရေးစင်တာ
အလုပ်ရှာခြင်းနှင့် ပတ်သတ်သော အခက်အခဲများ ဆွေးနွေးခြင်း(☎ 1577-0071)
ရဲစခန်းနှင့် မီးသတ်
ရာဇဝတ်မှု အမျိုးမျိုးကို တိုင်ကြားရန်(ရဲစခန်း, ☎ 112)
မီးဘေးနှင့် အရေးပေါ်လူနာ တိုင်ကြားရန်(မီးသတ်, ☎ 119)
နိုင်ငံခြားအမျိုးသမီး အရေးပေါ်ထောက်ပံ့ရေးစင်တာ
အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှောင့်ယှက်မှု အရေးပေါ်ဖုန်း ☎ 1577-1366