- အခက်အခဲများဖြေရှင်းမှု
- 외국인노동자와 함께 하는 WORK IN KOREA
လုပ်ငန်းခွင် ထိခိုက်မှု
လုပ်ငန်းခွင်ထိခိုက်မှု
မေး-ကျွန်တော်တို့ အလုပ်က 1နှစ်တစ်ခါလောက် အားကစားပွဲ ကျင်းပပါတယ်။ အားကစားပွဲမှာ ဝင်ပါရင်းနဲ့ ဘောလုံးကန်ရင်း ခြေထောက်ကျိုးသွားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ အကျိုးခံစားခွင့် ရနိုင်မလား?
ဖြေ-အလုပ်သမားဥပဒေအရ ‘လုပ်ငန်းကြောင့် ထိခိုက်မှု’ဖြစ်ပွားသည်ဟု အသိမှတ်ပြုသည့် အနေအထားတွင် လုပ်ငန်းခွင်ထိခိုက်မှုအာမခံ အကျိုးခံစားခွင့်ရှိသည်။ , ‘လုပ်ငန်းကြောင့် ထိခိုက်မှု’ဆိုရာတွင် ‘လုပ်ငန်းခွင် မတော်တဆမှု’နှင့် ‘လုပ်ငန်းကြောင့် ရောဂါရရှိခြင်း’ဆိုပြီး 2မျိုးခွဲခြားနိုင်ပါသည်။
- လုပ်ငန်းချိန်အတွင်း မတော်တဆမှုကြောင်း ထိခိုက်မိခြင်း
- လုပ်ငန်းခွင်ပြင်ပတွင် ထိခိုက်မိသော်လည်း စက်ရုံဝင်းအတွင်း အလုပ်နှင့်သက်ဆိုင်ပြီး ဖြစ်ပွားခြင်း၊ အဆောက်အဦး ချို့ယွင်းမှုကြောင့် ဖြစ်ပွားခြင်း
- လုပ်ငန်းအတွက် အပြင်သွားနေစဥ် မတော်တဆဖြစ်ပွားမှု
- အလုပ်ရှင်မှ ပေးထားသော ရုံးအတက်အဆင်းယာဥ်ကို အသုံးပြုစဥ် မတော်တဆမှုဖြစ်ပွားခြင်း
- အလုပ်မှ စီစဥ်ကျင်းပသော ပွဲလမ်းသဘင်များ ပါဝင်ရင်း မတော်တဆဖြစ်ခြင်း
- အလုပ်ကြောင့် ဖြစ်ပွားသော ရောဂါများ
- အထက်မှ မေးမြန်းထားသူသည် အလုပ်က အမြဲကျင်းပသော အားကစားပွဲတွင် ထိခိုက်ခဲ့သောကြောင့် အလုပ်ကြောင့်ထိခိုက်ခြင်းထဲပါဝင်ပြီး အာမခံရရှိနိုင်ပါသည်။
မေး-အလုပ်မှ လုပ်ငန်းခွင်ထိခိုက်မှု အာမခံ မလျှောက်ပေးပါက အာမခံအကျိုးခံစားခွင့် မရနိုင်ဘူးလား?
ဖြေ- အချိန်ပြည့်လုပ်သား 1ယောက်အထက် အသုံးပြုသော အလုပ်ရှင်သည် လုပ်ငန်းခွင်ထိခိုက်မှုအာမခံ မဖြစ်မနေ သွင်းရမည်။ ထို့အပြင် လုပ်သားမှ လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားပါက အာမခံလျှောက်ထားခြင်းအတွက် ကူညီလုပ်ဆောင်ပေးရမည်။ အလုပ်မှ ထိခိုက်မှုဖြစ်ကြောင်း ငြင်းဆန်ပါက အလုပ်ရှင်၏ အတည်ပြုချက်မပါဘဲ အလုပ်သမားလူမှုဖူလှုံရေးရုံးသို့ လျှောက်ထားပြီးနောက် ထိုရုံးမှ စစ်ဆေးလုပ်ဆောင်ပေးသည်။
မေး-လုပ်ငန်းခွင်ထိခိုက်မှု အာမခံကြေး မသွင်းထားသော အလုပ်တွင် ထိခိုက်မိပါက အာမခံမရနိုင်ဘူးလား?
ဖြေ-လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ခံစားခွင့်ရှိပါသည်။ လုပ်ငန်းခွင်ထိခိုက်မှု အာမခံကြေး မသွင်းထားခြင်းသည် အလုပ်ရှင်မှ တာဝန်ပျက်ကွက်ခြင်း ဖြစ်သောကြောင့် လုပ်သားတွင် တာဝန်မရှိပါ။ အာမခံသွင်းရမည့်သူ (အလုပ်ရှင်)မှ အာမံကြေး မသွင်းထားသော်လည်း ထိခိုက်မိသောလုပ်သားသည် အာမခံအကျိုးခံစားခွင့် ရရှိနိုင်သည်။
မေး-ယခင်အလုပ်မှာ အလုပ်လုပ်ရင်းထိခိုက်မိသော်လည်း တရားမဝင်နေထိုင်သူ ဖြစ်သောကြောင့် အာမခံ ခံစားခွင့်မရခဲ့ပါဘူး။ အခုအချိန်မှ အာမခံစားခွင့် ပြန်ရနိုင်မလား?
ဖြေ- တရားမဝင်နေထိုင်ခြင်းနှင့် မသက်ဆိုင်ဘဲ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် 4ရက်အထက် ကုသမှု ခံယူရပါက အာမခံ ခံစားခွင့်ရနိုင်သည်။ သို့သော် 3နှစ်ကျော်လွန်သွားပါက ခံစားခွင့်မရှိတော့ပါ။
မေး-လုပ်ငန်းခွင်ထိခိုက်မှု ကုသမှုခံယူသော 1ပတ်အတွင်း အလုပ်မလုပ်နိုင်ခဲ့ပါဘူး။ ကုသမှုကာလအတွင်း ရရှိနိုင်သော အာမခံကြေး ဘယ်လောက်ဖြစ်မလဲ?
ဖြေ-လုပ်ငန်းခွင်ထိခိုက်မှုကြောင့် 4ရက်အထက် အလုပ်မလုပ်နိုင်ဘဲ လစာမရှိပါက အလုပ်သမားလူမှုလှုံရေးမှ အလုပ်နားလစာကို လျှောက်ထားရယူနိုင်သည်။ ပျမ်းမျှလစာ၏ 70% ပမာဏအား အလုပ်နားလစာအဖြစ် အလုပ်မလုပ်နိုင်သော ကာလအတွက် အလုပ်သမားကို ပေးသည်။ ထိုပမာဏသည် အခြေခံလစာထက် နည်းပါက အခြေခံလစာဖြင့် အလုပ်နားလစာ ပေးသည်။
မေး- လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပါက နိုင်ငံမှ ထွက်ခွာရမှာလား?
ဖြေ- နိုင်ငံခြားလုပ်သားသည် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အလုပ်ဆက်မလုပ်နိုင်ပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားရောက်ပြီး မူလဗီဇာ(E-9) မှ G-1 (အခြား) အဖြစ်ပြောင်းလဲပြီး ဆေးကုသမှုခံယူစဥ်ကာလအတွင်း ကိုရီးယားတွင် နေထိုင်နိုင်သည်။
- လုပ်ငန်းခွင်ထိခိုက်မှု ရောဂါနှင့် မတော်တဆမှုများအတွက် လူသားချင်း စာနာထောက်ထားရန် အကြောင်းရင်းဖြစ်ပွားပါက လျှောက်ရန် အချက်အလက်
- လုပ်ငန်းခွင်ထိခိုက်မှုအာမခံကြေး ပေးကြောင်းထောက်ခံစာ(သို့) မတော်တဆမှုဖြစ်ကြောင်းထောက်ခံစာ
- ဆေးလက်မှတ် (သို့) ကုသမှုမှတ်တမ်း
- အာမခံကြောင်းထောက်ခံစာ (ထိခိုက်မှုဖြစ်ပွားသူမှအပ)
- မိသားစုတော်စပ်ကြောင်း အထောက်ထားနှင့် ဗီဇာပြောင်းရန်လိုအပ်ကြောင်း အထောက်အထားပြ မှတ်တမ်း
မေး-ကျွန်တော်တို့ စက်ရုံမှာ ကျွန်တော်အပါ နိုင်ငံခြားလုပ်သား 3ယောက် အတူအလုပ် လုပ်ပါတယ်။ အလုပ်လုပ်နေရင်း စကားများရန်ဖြစ်ကြရင်း သူငယ်ချင်း တစ်ယောက်က တော်တော်ထိသွားလို့ ဆေးရုံတက်နေရပါတယ်။ ဒီလိုအခြေအနေမှာရော လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ရနိုင်မလား ?
ဖြေ- အရင်ဆုံး အခင်းဖြစ်ပွားမှုကို အသေးစိတ်ကြည့်ရမှာဖြစ်သော်လည်း ယေဘုယျအားဖြင့် လုပ်ဖော်ကိုင်ဖက်ချင်း ထိုးကျိတ်ပြီး လုပ်သားမှ ထိခိုက်ဒဏ်ရာရပါက ၎င်းသည် လုပ်ဖက်ကိုင်ဖက်ချင်း ဆက်ဆံရေးနှင့် လုပ်ငန်းလုပ်ဆောင်ရေးနှင့် ဆက်လျဥ်းပြီး အန္တရာယ်ရှိသည် ယူဆနိုင်သောကြောင့် လုပ်ငန်းနှင့် ပတ်သတ်စပ်လျဥ်းမှုရှိပါက လုပ်ငန်းခွင်ထိခိုက်မှုဟု အသိအမှတ်ပြုသည် သို့သော် အခြားလူနှင့် အလုပ်သမားကြား ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ထိုးကျိတ်မှုဖြစ်ပွားခြင်းနှင့် နစ်နာသူမှ အလုပ်ကိစ္စထက် ကျော်လွန်ပြီး တစ်ဖက်သူအား ရန်စပြီး ဖြစ်ပွားပါက လုပ်ငန်းခွင်ထိခိုက်မှုဟု မယူဆနိုင်ပါ
မေး-ကုသမှုခံယူနေစဥ်အတွင်း မိမိနိုင်ငံပြန်ပြီး ဆေးကုသမှုခံယူလိုပါက ဘယ်လိုလုပ်ရမလဲ?
ဖြေ- နောက်ပိုင်းတွင် တောင်းဆိုရယူနိုင်မည်ဟု ယူဆရသော ဆေးကုသစရိတ်၊ အလုပ်နားလစာ(ရောဂါကုသကြေးပင်စင်)၊ မသန်စွမ်းလစာတို့ကို တောင်းဆိုပြီး ထွက်ခွာနိုင်ပါသည်။