- အခက်အခဲများဖြေရှင်းမှု
- 외국인노동자와 함께 하는 WORK IN KOREA
အလုပ်ပြောင်းခြင်း
အလုပ်ပြောင်းခြင်း
မေး- အလုပ်ရှင်မှ အလုပ်စာချုပ်အတိုင်းမဟုတ်လဲ လစာကို လျှော့ပေးပါတယ်။ မရတဲ့လစာကြွေးကျန်ကိုတောင်းပြီး အလုပ်ထွက်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ?
ဖြေ- အလုပ်ရှင်မှ လစာမပေးဘူးဆိုတိုင်း မဖြစ်မနေ အလုပ်ပြောင်းခွင့် ရှိတာမျိုးမဟုတ်ဘဲ အောက်ပါအချက်များနှင့် ကိုက်ညီမှသာ အလုပ်ပြောင်းရန် ခွင့်ပြုသည်။
- 1) လစာ၏ 30%အထက် ငွေကြေးအား 2လကျော်သည်အထိ မပေးခြင်း သို့မဟုတ် နောက်ကျပေးခြင်း
- 2) လစာ၏ 30%အထက် ငွေကြေးအား 2ကြိမ်အထက် မပေးခြင်း သို့မဟုတ် နောက်ကျပေးခြင်း
- 3) လစာ၏ 10% အထက် ငွေကြေးအား 4လကျော်သည်အထိ မပေးခြင်း သို့မဟုတ် နောက်ကျပေးခြင်း
- 4) လစာ၏ 10% အထက် ငွေကြေးအား 4ကြိမ်အထက် မပေးခြင်း သို့မဟုတ် နောက်ကျပေးခြင်း
- 5) အခြေခံလစာ ဥပဒေအရ အခြေခံအနိမ့်ဆုံးလစာထက် လျော့နည်းပြီးပေးခြင်း
- 6) အလုပ်ခန့်အပ်စဥ်က လုပ်ငန်းသတ်မှတ်ချက်နှင့် ခန့်အပ်ပြီးနောက် သတ်မှတ်ထားသော လစာနှင့် အလုပ်ချိန်သည် လက်တွေ့လုပ်ရသော လစာနှင့် အလုပ်ချိန်ထက် 20% အထက် သိသိသာသာ လျော့နည်းခြင်း
သို့သော် အထက်ပါအချက်များနှင့် မကိုက်ညီသော လစာကြွေးကျန် အသေးအဖွဲ့ရှိသော်လည်း သက်ဆိုင်ရာအလုပ်သမားရုံးသို့ တိုင်ကြားပြီး ဖြေရှင်းမရနိုင်ပါက ထိုလုပ်ငန်းတွင် ဆက်လက်မလုပ်ကိုင်နိုင်ကြောင်း အသိအမှတ်ပြုသည့်အခါမျိုးတွင် အလုပ်ပြောင်းနိုင်ပြီး၊ အလုပ်ရှင်မှ အလုပ်ပြောင်းခွင့်လျှောက်လွှာ မတင်ပေးသော်လည်း လုပ်သားမှ ဂိုယုံစင်တာသို့ ‘အလုပ်ပြောင်းလျှောက်လွှာ’ တင်သွင်းပါက ဂိုယုံစင်တာ၏ လုပ်ပိုင်ခွင့်ဖြင့် အလုပ်ပြောင်းခြင်း ပြုလုပ်ပေးသည်။ ထို့အပြင် အလုပ်ပြောင်းခြင်းနှင့် မသက်ဆိုင်ဘဲ လစာကြွေးကျန်ရယူလိုပါက အလုပ်သမားဝန်ကြီးဌာန လုပ်ငန်းခွင်တိုးတက်ရေးရုံးတွင် လျှောက်လွှာတင်ခြင်းတို့ဖြင့် ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ရမည်။
မေး-ကျွန်တော် အပိုပစ္စည်းလေးတွေထုတ်တဲ့ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ပါတယ်။ သို့သော် ပစ္စည်းအသေးလေးတွေကို အချိန်ကြာ ကြည့်ရတဲ့အလုပ်ကို လုပ်ကိုင်ရင်း မျက်လုံးမကောင်းဘူးဖြစ်လာပါတယ်။ အခြားအလုပ်ကို ပြောင်းချင်တာ ရနိုင်မလား?
ဆက်လုပ်ရန်ခက်ခဲသော်လည်း တခြားအလုပ်တွင် လုပ်နိုင်ပါက အလုပ်ပြောင်းနိုင်သော အချက်နှင့် ကိုက်ညီပါတယ်။
အလုပ်ရှင်မှ [နိုင်ငံခြားလုပ်သားအလုပ်ပြောင်းလျှောက်လွှာ]တွင် ရောဂါကြောင့် အလုပ်ထွက်ရခြင်းကို ရွေးချယ်ပြီး အဆိုပါရောဂါ ဆေးထောက်ခံစာနှင့်အတူ သက်ဆိုင်ရာ ဂိုယုံစင်တာတွင် လျှောက်လွှာတင်ပြီး အလုပ်ပြောင်းနိုင်သည်။
မေး-ကျွန်တော်လုပ်ခဲ့တဲ့ ကုမ္ပဏီက လုပ်ငန်းပိတ်သိမ်းသွားလို့ အလုပ်ဆက်လုပ်လို့ မရတော့ပါဘူး။ ဒါပေမယ့်လည်း အလုပ်ရှင်ကအဆက်အသွယ်မရလို့ လုပ်ငန်း ပိတ်သိမ်းကြောင်း အတည်ပြုမရ ဖြစ်နေလို့ ဘယ်လို အလုပ်ပြောင်းလို့ရနိုင်မလဲ?
ဖြေ-အလုပ်နားခြင်း၊ အလုပ်ပိတ်ခြင်းနှင့် အခြားသော နိုင်ငံခြားလုပ်သား၏ ပြစ်ချက်မဟုတ်သော အကြောင်းဖြင့် ထိုလုပ်ငန်းတွင် အလုပ်ဆက်မလုပ်နိုင်ကြောင်း အတည်ပြုပါက အလုပ်ပြောင်းနိုင်ပါသည်။
သို့သော် အလုပ်ရှင်မှ လုပ်ငန်းပိတ်သိမ်းကြောင်း အကြောင်းမကြားထားဘဲ အဆက်အသွယ်ပျက်နေပါက အတူအလုပ်လုပ်ခဲ့သော ကိုရီးယားလုပ်သား၏ ထောက်ခံစာယူပြီးနောက် ဂိုယုံစင်တာတွင် ‘အလုပ်ပြောင်းလျှောက်လွှာ’တင်သွင်းကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် လုပ်ပိုင်ခွင့်အရ အလုပ်ပြောင်းနိုင်သည်။(အကယ်၍ အတည်ပြုပေးနိုင်သော လုပ်သားမရှိပါက ‘အလုပ်ပြောင်းလျှောက်လွှာ’သာတင်သွင်းရန်)
မေး-ကုမ္ပဏီမှ အလုပ်စာချုပ် ဖျက်သိမ်းလိုက်ပါတယ်။ အလုပ်ပြောင်းဖို့ ဘယ်လိုလုပ်ရမလဲ?
ဖြေ- အလုပ်ပြောင်းရမည့် နိုင်ငံခြားလုပ်သားသည် အလုပ်ရှင်နှင့် အလုပ်စာချုပ်ကို ဖျက်သိမ်းပြီး တစ်လအတွင်း လုပ်ငန်းခွင် တည်ရှိရာ သက်ဆိုင်ရာဂိုယုံစင်တာသို့ အလုပ်ပြောင်းလျှောက်လွှာ တင်သွင်းရမည်။
ဂိုယုံစင်တာမှ နိုင်ငံခြားလုပ်သား၏ အလုပ်ပြောင်းရခြင်း အကြောင်းရင်းသည် သင့်တော်ဟု အတည်ပြုပါက အလုပ်သမားအား အလုပ်ရှာဖွေရေးမှတ်ပုံတင်လက်မှတ် ထုတ်ပေးပြီး အလုပ်မိတ်ဆက်ပေးပါသည်။ မိတ်ဆက်ပေးသော အလုပ်ရှင်နှင့် အလုပ်စာချုပ် ချုပ်ဆိုပါက အလုပ်ပြောင်းကြောင်းထောက်ခံစာ စာရွက်ကိုရယူပြီး လူဝင်မှုကြီးကြပ်ရေးဌာနတွင် အလုပ်ပြောင်းကြောင်းထောက်ခံစာ, အလုပ်စာချုပ်၊ ကုမ္ပဏီလိုင်စင်မိတ္တူတို့နှင့်အတူ စာရွက်စာတမ်းများ တင်သွင်းပြီး လုပ်ငန်းအပြောင်းအလဲဖြစ်ကြောင်း လျှောက်ထားနိုင်သည်
မေး- ကျွန်တော့်သူဌေးက အွီဂျောင်ဘူနဲ့ ဖိုချွန်းမြို့မှာ စက်ရုံ2ရုံရှိပါတယ်။ အစပိုင်းကတော့ အွီဂျောင်ဘူမှာရှိတဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့ရပေမယ့် အလုပ်မရှိလို ဖိုချွန်းကစက်ရုံမှာ အလုပ်လုပ်နေပါတယ်။ အခုလို စက်ရုံပြောင်းလုပ်တာ ဘာပြသနာမှ မဖြစ်ဘူးလား?
ဖြေ- အထက်ပါ အခြေအနေမျိုးမှာ ကိုရီးယားလူမျိုးဆိုရင်တော့ ဘာပြသနာမှ မဖြစ်ပေမယ့် အလုပ်သမားအသုံးပြုခွင့်မှာတော့ ပြသနာဖြစ်နိုင်ပါတယ်။ အလုပ်ရှင် တူသော်လည်း စက်ရုံ2ရုံကို သီးသန့်ခွဲထားပြီး နေရာချင်းမတူသော စက်ရုံများကို အလုပ်ပြောင်းလုပ်ခွင့် မပေးထားပါဘူး။
သူဌေးတစ်ယောက်ထဲက စက်ရုံလေးငါးရုံ (ရုံးခွဲ)များ ရှိတယ်ဆိုသော်လည်း နိုင်ငံခြာလုပ်သားများကို ပြောင်းရွှေ့ခွင့် မပေးထားပါ။ အကယ်၍ လုပ်ငန်းခွင်ပြောင်းလိုပါက အလုပ်ရှင်ထံမှ ခွင့်ပြုချက်တောင်းပြီး အလုပ်ပြောင်းကြောင်း လျှောက်ထားစေလိုပါသည်။
မေး-နိုင်ငံခြားလုပ်သားသည် အလုပ်ပြောင်းပါက လုပ်ငန်းအမျိုးအစား ပြောင်းလို့ရနိင်မလား?
ဖြေ- အလုပ်သမားအသုံးပြုခွင့်စနစ်ဖြင့် ဝင်ရောက်လာသော နိုင်ငံခြားလုပ်သားများအား မူအရ လုပ်ငန်းအမျိုးအစားပြောင်းခွင့် ကန့်သတ်ထားသည်။ သို့သော် ချွင်းချက်အနေဖြင့် ကုန်ထုတ်လုပ်ငန်းဖြင့် ဝင်ရောက်လာသော လုပ်သားသည် လုပ်သားဦးရေ လိုအပ်နေသော စိုက်မွေးနှင့် ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသို့ ပြောင်းရွှေ့လိုပါက ပြောင်းလဲနိုင်ပြီး၊ ၎င်းအား အလုပ်ပြောင်းခွင့်လျှောက်ထားသူ နိုင်ငံခြားသားများကိုသာ ခွင့်ပြုထားသည်။