SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

အခက်အခဲများဖြေရှင်းမှု
외국인노동자와 함께 하는 WORK IN KOREA

အာမခံ

နိုင်ငံခြားလုပ်သား အာမခံ

မေး-လုပ်သက်ခံစားခွင့်အာမခံ လျှောက်ထားခြင်းနှင့် ပြန်လည်ရယူဖို့ ဘယ်လိုလုပ်ရမလဲ?

ဖြေ- နိုင်ငံခြားလုပ်သားမှ 1နှစ်အထက် အလုပ်လုပ်ပြီးနောက် နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးခြင်းနှင့် အခြားအကြောင်းကြောင့် ပြည်ပထွက်ခွာပါက ဆမ်ဆောင်းအာမခံရုံးသို့ လုပ်သက်အာမခံ လျှောက်ထားနိုင်သည်။. လျှောက်နည်းကို အာမခံလျှောက်လွှာရှိ အောက်ပါနည်းလမ်းများထဲမှ ရွေးချယ်ပြီး လျှောက်ထားနိုင်ပါသည်။

  • 1. အမိနိုင်ငံဘဏ်အကောင့်သို့ လွှဲခြင်း - မြန်မာပြည်တွင်းမှ မိမိဘဏ်သို့လွှဲခြင်း။
  • 2. အမိနိုင်ငံဘဏ်သို့ တိုက်ရိုက်လွှဲခြင်း- မြန်မာပြည်တွင်းရှိ ဘဏ်တစ်ခုခုသို့လွှဲပြီး မိမိကိုယ်တိုင် သွားထုတ်ခြင်း
  • 3. ပြည်ပငွေလွှဲအကောင့် ဝန်ဆောင်မှု- ကိုရီးယားဘဏ်
  • 4. လေဆိပ်တွင်ထုတ်ခြင်း- လေဆိပ်တွင် လဝကဖြတ်ပြီးနောက် လျှောက်ထားသောဘဏ်တွင် ထုတ်ခြင်း

မေး- ကျွန်တော် E-9 ဗီဇာနဲ့2နှစ်လောက် စက်ရုံတစ်ရုံထဲမှာ လုပ်ခဲ့ပါတယ်။ သို့သော်လည်း ကုမ္ပဏီက ခက်ခဲလို့ဆိုပြီး လစာကောင်းကောင်းမပေးလို့ လုပ်ငန်းခွင်က ထွက်လာပြီး အခု တရားမဝင်နေနေပါတယ်။ အရင်လုပ်ခဲ့တဲ့ စက်ရုံသူဌေးက လုပ်သက်ခံစားခွင့်အာမခံ ထည့်ထားတယ်လို့ပြောပါတယ်။ အာမခံ ထုတ်လို့ရနိုင်မလား?

ဖြေ- နိင်ငံခြားလုပ်သားကို အသုံးပြုသော အလုပ်ရှင်သည် အမြဲတမ်းလုပ်သား 5ယောက်အထက် လုပ်ငန်း သို့မဟုတ် 1နှစ်အထက် အလုပ်လုပ်ခွင့်ကာလ ( နေထိုင်ခွင့်သက်တမ်း)ကျန်သော လုပ်သားကို အသုံးပြုပါက အလုပ်သမားဥပဒေ အရ ထွယ်ဂျီဂွန်အတွက် အစားထိုးအဖြစ် လုပ်သက်အာမခံ ထည့်ပေးရမည်။
2014ခုနှစ် 7လပိုင်း 30ရက် မတိုင်ခင် အာမခံသွင်းထားပြီး 1နှစ်အထက် အလုပ်လုပ်ပြီး ထွက်ပြေးသွားပါက အလုပ်ရှင်ကို လုပ်သက်အာမခံပြန်ပေးပါသည်။
သို့သော် ၎င်းသည် ‘နိုင်ငံခြားလုပ်သား အသုံးပြုခွင့်ဥပဒေ’နှင့် သက်ဆိုင်သည့် သတ်မှတ်ချက်ဖြစ်သော်လည်း ထွယ်ဂျီဂွန် ရရှိပိုင်ခွင့် ပျောက်ပျက်သွားသောကြောင့် 1နှစ်အထက် လုပ်ပြီး လုပ်ငန်းခွင်မှ ထွက်ပြေးသွားသော လုပ်သားသည် အလုပ်သမားဥပဒေအရ အလုပ်ရှင်အား ထွယ်ဂျီဂွန်ပေးရန် တောင်းဆိုနိုင်သည်။

မေး- ကိုယ်ဝန်ကြောင့် အလုပ်ရှင်က သဘောတူမှုနဲ့ လုပ်သက်ခံစားခွင့်အာမခံ လျှောက်ပြီး ထွက်ခွာခဲ့ပေမယ့် အာမခံပိုက်ဆံမဝင်လာပါဘူး။ ဘယ်လိုပြန်လုပ်ရမလဲ?

ဖြေ- လုပ်သက်ခံစားခွင့်အာမံအား အင်ချွန်းလေဆိပ်တွင် မထုတ်ယူဘဲ မိမိနိုင်ငံသို့ ငွေလွှဲရန် လျှောက်ထားပါက ဆမ်ဆောင်းအာမခံ စနစ်တွင် ပြည်ပထွက်ခွာကြောင်း အတည်ပြုပြီးမှ အာမခံရယူနိုင်ပါသည်။ ထွက်ခွာချိန်တွင် နိုင်ငံခြားသားမှတ်ပုံတင်အား လေဆိပ်တွင် မအပ်ခဲ့ပါက ပြည်ပထွက်ခွာကြောင်း အတည်ပြုမရနိုင်ပါ။ ထွက်ခွာစဥ်က အသုံးပြုခဲ့သော ပတ်စပို့တွင် ထွက်ခွာကြောင်း တံဆိပ်နှိပ်ထားသော စာမျက်နှာအား မိတ္တူကူးကာ ဆမ်ဆောင်းအာမခံရုံးသို့ ဖက်စ်ပို့ပြီး ထွက်ခွာကြောင်း အတည်ပြုကာ အာမခံ ထုတ်ယူနိုင်ပါသည်။

မေး- လစာမရခြင်းအတွက် အာမခံလျှောက်ထားခြင်းနှင့် ပြန်လည်ရယူဖို့ ဘယ်လိုလုပ်ရမလဲ?

ဖြေ-နိုင်ငံခြားလုပ်သားသည် လုပ်ငန်းတွင် လစာကြွေးကျန်မှု ဖြစ်ပါက အလုပ်သမားရုံး ဂိုယုံစင်တာနှင့် အမှုစစ်ထံသို့ လစာမရကြောင်း တိုင်ပြီးနောက် ဆိုးလ်အာမခံရုံးတွင် အာမခံလျှောက်ထားနိုင်သည်။. အာမခံကာလအတွင်း လစာကြွေးကျန်မဟုတ်သော အခြားအကြောင်း (ထွက်ပြေးခြင်း၊ ပြည်ပထွက်ခွာခြင်း၊ သေဆုံးခြင်း)တို့ဖြင့် အလုပ်စာချုပ် ဖျက်သိမ်းပါက အလုပ်ရှင်မှ ဆိုးလ်အာမခံရုံးတွင် သွင်းထားသော အာမခံကြေးမှ အနည်းဆုံးအာမခံကြေးကို ဖယ်ပြီး အခြားသောအာမခံမှ ပြန်အမ်း‌ငွေ ရရှိနိုင်သည်။

မေး- အပြန်စရိတ် အာမခံလျှောက်ထားခြင်းနှင့် ပြန်လည်ရယူဖို့ ဘယ်လိုလုပ်ရမလဲ?

ဖြေ-နိုင်ငံခြားလုပ်သားသည် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးခြင်းနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စ (ယာယီအလည်ပြန်ခြင်းမပါ)၊ မိမိသဘောဖြင့် ထွက်ခွာခြင်း၊ အတင်းအကြပ် ပြန်ပို့ခံရခြင်း စသည်ဖြင့် ပြည်ပထွက်ခွာပါက အာမခံ လျှောက်ထားနိုင်သည်။. နိုင်ငံခြားလုပ်သားသည် နီးစပ်ရာ ဂိုယုံစင်တာမှတစ်ဆင့် ပြန်‌ကြောင်းလျှောက်ထားပြီး ထောက်ခံစာနှင့်အတူ အာမခံလျှောက်လွှာကိုဖြည့်ပြီး ဆမ်ဆောင်းအာမခံရုံးတွင် အာမခံလျှောက်ထားရမည်။

※ ပြန်ကြောင်းစာရွက်စာတမ်း-ပြန်ကြောင်းထောက်ခံစာ 1စုံ၊ နိုင်ငံခြားသားမှတ်ပုံတင် မိတ္တူ၊ ပတ်စပို့မိတ္တူ၊ လေယာဥ်လက်မှတ် ဖြတ်ထားကြောင်း သက်သေ
※ အာမခံစာရွက်စာတမ်း- အာမခံလျှောက်လွှာ 1စုံ၊ မိမိအမည်ပေါက် ဘဏ်စာအုပ် မိတ္တူ1စုံ၊ ကာယကံရှင်မှန်ကန်ကြောင်း (ပတ်စပို့ သို့ နိုင်ငံခြားသားမှတ်ပုံတင်) 1စုံ၊ ပြန်ကြောင်းထောက်ခံစာ 1စုံ
※ ဆမ်ဆောင်းအာမခံရုံး ဖုန်း 02-2261-8400, ဖက်စ် 0505-161-1420, 1421

မေး-သာမန် ထိခိုက်မှုကြောင့် ဆေးရုံတက် ကုသမှု ခံယူပါက ပြင်ပထိခိုက်မှုအာမခံ လျှောက်ထားနိုင်မလား ?

ဖြေ-သာမန်ထိခိုက်မှုကြောင့် ဆေးရုံတက်ကုသစရိတ်အတွက် အာမခံမရနိုင်ပါ။ လုပ်ငန်းခွင် မတော်တဆမှုမဟုတ်သော ထိခိုက်မှုနှင့် ရောဂါကြောင့် သေဆုံး သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးကျန်ကြောင်း ထောက်ခံစာရပါက အာမခံထုတ်ယူနိုင်သည်။

မေး- ကျွန်တော် E-9 ဗီဇာနဲ့ အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ အလုပ်က နိုင်ငံခြားသားတွေကို ကျန်းမာရေးအာမခံ မသွင်းပေးပါဘူး။ ကျွန်တော် ကျန်းမာရေးအာမခံ သွင်းလို့ရနိုင်မလား?

ဖြေ- E-9ဗီဇာနဲ့ အလုပ်လုပ်နေသော နိုင်ငံခြားသားဖြစ်ပါက ကျန်းမာရေးအာမခံ လုပ်ငန်းခွင်သွင်းခြင်းကို မဖြစ်မနေ သွင်းပေးရတာမို့ ကျန်းမာရေးအာမခံ အကျိုးခံစားခွင့်ရပါတယ်။ ကျန်းမာရေးမခံ မထည့်ထားပါက သူဌေးကို ထည့်ပေးရန် တောင်းဆိုရပါမည်။

※ အလုပ်သမားအာမခံစနစ်ဖြင့် အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသားသည် သက်ကြီးစောင့်ရှောက်မှုအာမခံ မသွင်းလိုပါက မသွင်းရန်လျှောက်ထားနိုင်သည်

မေး-ကျွန်တော်က ပရိဘောဂစက်ရုံမှာ လုပ်နေတဲ့ ○○လူမျိုးပါ။ ဒီလ ကုမ္ပဏီက ပေးတဲ့ လစာစာရွက်မှာ ပြည်သူ့ပင်စင်ဆိုတာ ရှိနေပါတယ်။ ဒါက ဘာများလဲ။ နောက်ပိုင်းရော ပြန်ရနိုင်မလား?

ဖြေ- နိုင်ငံခြားလုပ်သား ပြည်သူ့ပင်စင်ကို အပြန်အလှန်ကျင့်သုံးစနစ်အရ မဖြစ်မနေသွင်းရမည့် နိုင်ငံခြားသားများသာ သက်ဆိုင်ပါသည်။ မဖြစ်မနေ သွင်းရမည့် နိုင်ငံခြားသားသည် မိခင်နိုင်ငံပြန်ချိန်တွင် ကိုရီးယားတွင် သွင်းထားသော အာမခံများ ပြန်လည်ထုတ်ယူပြီးနောက် ထွက်ခွာနိုင်ပါတယ်။
သို့သော် ကုမ္ပဏီမှ သွင်းရန်မသက်ဆိုင်သော နိုင်ငံခြားသားများကို ပြည်သူ့ပင်စင် သွင်းပြီး အာမခံကြေး ဖြတ်ခြင်းရှိနိုင်တာမို့ ပြည်သူ့ပင်စင် အာမခံမသွင်းရန် ကုမ္ပဏီကို တောင်းဆိုရမည်။

မေး-ကျွန်တော် ထိုင်းလူမျိုးပါ။ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်ကာလ 1နှစ်မပြည့်ဘဲ အလုပ်ထွက်ပြီး ပြည်သူ့ပင်စင်ပြန်အမ်းငွေ ရနိုင်မလား?

ဖြေ- ထိုင်းသည် အာမခံသွင်းချိန် 1နှစ်ကျော်မှသာ ပြည်သူ့ပင်စင်ပြန်အမ်းငွေ ရနိုင်မည် ဆို‌ပေမယ့် E-9 ဖြစ်ပါက အာမခံကာလနှင့် မသက်ဆိုင်ဘဲ ပြည်သူ့ပင်စင်ပြန်အမ်းငွေ ရရှိနိုင်ပါသည်။

မေး-လစာစာရင်းရှင်းတမ်းမှာ အလုပ်အာမခံ ဖြတ်ထားပါတယ် မဖြစ်မနေ ထည့်သွင်းရမှာလား?

ဖြေ- နိုင်ငံခြားသားဖြစ်ပါက ဗီဇာအမျိုးအစားအလိုက် အလုပ်အာမခံက မဖြစ်မနေသွင်းတာနဲ့ ရွေးချယ်သွင်းလို့ရတာ သတ်မှတ်ထားပါတယ်။ E-9 ဖြစ်ပါက အလုပ်အာမခံ ရွေးချယ်ပြီးသွင်းနိုင်တာမို့ မိမိသွင်းလိုမှသာ ထည့်သွင်းနိုင်ပါတယ်။