- အခက်အခဲများဖြေရှင်းမှု
- 외국인노동자와 함께 하는 WORK IN KOREA
ပြန်လည်ဝင်ရောက်ခြင်း စနစ်
စာချုပ်ထပ်ချုပ်ခြင်းနှင့် ပြန်လည်ဝင်ရောက်ခြင်း
မေး-ကုမ္ပဏီနဲ့ 1နှစ်စာချုပ်ချုပ်ပြီး ဝင်လာခဲ့ပါတယ်။ အလုပ်စာချုပ် သက်တမ်းကုန်သွားပြီး စာချုပ်ထပ်ချုပ်ဖို့ ဘယ်လိုလုပ်ရမလဲ?
ဖြေ- အလုပ်ရှင်မှ စာချုပ်သက်တမ်း တိုးလိုပါက အလုပ်စာချုပ် ပြန်ချုပ်ပြီး စာချုပ်သက်တမ်းမကုန်ခင် ရက် 90မှ 7ရက်အလိုထိ အလုပ်ရှင်မှ ဂိုယုံစင်တာသို့ သွားကာ အလုပ်စာချုပ်အသစ်နှင့်အတူ “နိုင်ငံခြားလုပ်သား ထပ်မံအသုံးပြုခွင့် လျှောက်လွှာ”ကို တင်သွင်းရမည်။
အလုပ်သမား အသုံးပြုခွင့် ထပ်တိုးပြီးနောက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးတွင် အလုပ်သား၏ နေထိုင်ခွင့်သက်တမ်းတိုး ခွင့်ပြုချက် ယူရမည်။.
မေး-နေထိုင်ခွင့်သက်တမ်း 3လပဲ ကျန်တော့တာကို အိမ်မပြန်ဘဲ ကိုရီးယားမှာ အလုပ်ဆက်လုပ်ချင်ရင် ဘယ်လိုလုပ်ရမလဲ?
ဖြေ- အလုပ်ရှင်မှ ထပ်မံအသုံးပြုပါက အိမ်မပြန်ဘဲ 1နှစ် 10လ သက်တမ်းတိုးနိုင်သည် ထပ်မံအသုံးပြုခွင့်ရရန် လက်ရှိ အလုပ်မှာ 1လအထက် အလုပ်လုပ်ခွင့်သက်တမ်း ကျန်ဖို့ လိုအပ်ပြီး အလုပ်ရှင်မှ ဂိုယုံစင်တာတွင် သက်တမ်းမကုန်ခင် ရက်90မှ 7ရက်အလိုအတွင်း လျှောက်ထားရပါမည်၊
အလုပ်ရှင်နှင့် အလုပ်စာချုပ် ချုပ်ဆိုပြီး အလုပ်ရှင်မှ ယုံစင်တာတွင် လျှောက်ထားရပါမည် ထပ်မံအသုံးပြုခွင့်ရပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးတွင် နေထိုင်ခွင့် သက်တမ်းတိုး ခွင့်ပြုချက်ယူပြီး သက်တမ်းတိုးကာလအတွက် လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုအာမခံ ထည့်သွင်းရမည်။
မေး- ပြန်လည်ဝင်ရောက်ခြင်းစနစ်က ဘယ်လိုအခြေအနေမှာ လျှောက်လို့ရနိုင်မလဲ?
ဖြေ-ပြန်လည်ဝင်ရောက်ခြင်းစနစ်ဆိုသည်မှာ နိုင်ငံခြားလုပ်သားသည် ပထမဆုံးဝင်ရောက်သော လုပ်ငန်းအမျိုးအစားတွင် 4နှစ်10လ လုပ်ထားပြီး၊ နောက်ဆုံး အလုပ်ရှင်နှင့် 1နှစ်အထက် လုပ်ကိုင်ခဲ့ပါက အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆိုပြီး အလုပ်ရှင်၏ တောင်းဆိုချက်အရ အမိမြေထွက်ခွာပြီး 1လအတွင်း ပြန်လည်ဝင်ရောက် အလုပ်လုပ်သည့် စနစ်ဖြစ်သည်။
မေး- အထူးကိုရီးယားအရည်အချင်းစစ် စာမေးပွဲ အောင်ထားပါတယ်။ ကိုရီးယားကို ပြန်ပြီး အရင်အလုပ်မှာ ပြန်လုပ်ဖို့ဆိုရင် ဘယ်လိုလုပ်ရမလဲ?
ဖြေ- အထူးကိုရီးယားအရည်အချင်းစစ်စာမေးပွဲ အောင်မြင်ထားသော နိုင်ငံခြားသားသည် အမိမြေမပြန်ခင် နောက်ဆုံးလုပ်ခဲ့သည့် အလုပ်တွင် 1နှစ်အထက် လုပ်ခဲ့ပါက ထိုအလုပ်တွင် ပြန်လုပ်နိုင်သည်။ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် စာရင်းပေးပြီး ဂိုယုံစင်တာသို့ စာရင်းသွင်းကာ အလုပ်ရှင်သို့ ဖုန်း မက်ဆေ့ချ့်မှတစ်ဆင့် အလုပ်ခန့်အပ်နိုင်ကြောင်း အကြောင်းကြားသည်။ ယခင်စက်ရုံမှ အလုပ်ခေါ်စာရပါက (25ရက်)အတွင်း ကိုရီးယားသို့ဝင်ရောက်ပြီး ထိုစက်ရုံတွင် အလုပ်လုပ်နိုင်သည်၊
မေး-ပြန်လည်ဝင်ရောက်ခြင်းစနစ်နှင့် အထူးကိုရီးယားအရည်အချင်းစစ် စာမေးပွဲက ဘာတွေကွာခြားသလဲ ?
ဖြေ- ပြန်လည်ဝင်ရောက်ခြင်းနှင့် အထူးကိုရီးယားအရည်အချင်းစစ် စာမေးပွဲ ကွာခြားချက်
သတ်မှတ်ချက် | ပြန်လည်ဝင်ရောက်ခြင်းစနစ် | အထူးကိုရီးယားစာ အရည်အချင်းစစ် စာမေးပွဲ |
---|---|---|
လျှောက်ထား ခွင့်ရှိသူ | ပထမဆုံးဝင်ရောက်သော လုပ်ငန်းအမျိုးအစားတွင် 4နှစ်10လ လုပ်ထားပြီး၊ နောက်ဆုံး အလုပ်ရှင်နှင့် 1နှစ်အထက် လုပ်ကိုင်ခဲ့သူ | ထပ်မံအသုံးပြုခွင့်နှင့် အလုပ်လုပ် ရင်း နေထိုင်ခွင့်သက်တမ်းကာတွင် မိမိသဘောဖြင့် နိုင်ငံပြန်သူ |
သက်ဆိုင်သော လုပ်ငန်းခွင် | စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ဝန်ဆောင်မှု၊ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ တူးဖော်ရေး | ကန့်သတ်ချက်မရှိ |
ကိုရီးယား စာမေးပွဲ | ဖြေရန်မလို | စာမေးပွဲ မဖြစ်မနေ အောင်ရမည် |
ပညာပေးသင်တန်း | ပြည်တွင်း မဝင်ရောက်မီနှင့် ဝင်ရောက်ပြီး သင်တန်းများ တက်ရန်မလို | ပြည်တွင်းမဝင်ရောက်မီ သင်တန်း တက်ရန်မလို |
ပြန်လည်ဝင်ရောက် ကန့်သတ်ကာလ | ပြည်ပထွက်ခွာပြီး 1လအတွင်း | ပြည်ပထွက်ခွာပြီး 6လအတွင်း |
နောက်ဆုံး အလုပ်ခွင်တွင် အလုပ်လုပ်ရန် | ပြည်ပမထွက်ခွာမီ လုပ်ခဲ့သော လုပ်ငန်းခွင်တွင် မဖြစ်နေ အလုပ်ဝင်ရန် | ပြည်ပမထွက်ခွာမီ နောက်ဆုံး လုပ်ငန်းခွင်တွင် 1နှစ်အထက် လုပ်ခဲ့ပါက ထိုအလုပ်တွင် ပြန်လုပ်နိုင်သည် |
အလုပ်ရှင်မှ ကြိုတင်လျှောက်ထားရန် | လိုအပ်သည်။ | မလိုအပ်ပါ။ |