- အခက်အခဲများဖြေရှင်းမှု
- 외국인노동자와 함께 하는 WORK IN KOREA
အခြား
အခြား
မေး- အစမ်းခန့်ကာလအတွင်း အချိန်ပိုကြေးမရခဲ့ပါဘူး။ အချိန်ပိုကြေး ရနိုင်မလား?
ဖြေ- အစမ်းခန့်ကာလသည် ကုမ္ပဏီတွင် လုပ်သားသစ်အဖြစ် ဝင်ရောက်ပါက လုပ်ငန်းလေ့လာရန်နှင့် အသားကျရန်အတွက် သတ်မှတ် အစမ်းခန့်ကာလ 3လတွင် လစာ၏ 90%ကို ရရှိနိုင်ပါသည်။
အစမ်းခန့်ကာလအတွင်း အချိန်ပိုကြေးနှင့် ရက်မှန်ကြေးများကို အထက်ပါ သတ်မှတ်ချက်အတိုင်း ပေးပါသည်။ အချိန်ပို လုပ်ရာတွင် 5ယောက်အထက် လုပ်ငန်းခွင် ဖြစ်ပါက အစမ်းခန့်အလုပ်ချိန်ကြေး၏ 50% ကို အချိန်ပိုကြေးအဖြစ် ရယူနိုင်သည်။
မေး-ပိတ်ရက်မှာ ဗီယက်နမ် ပြန်မလို့ပါ။ လူဝင်မှုကြီးကြပ်ရေးရုံးကို အကြောင်းကြားဖို့ လိုအပ်မလား?
ဖြေ- နိုင်ငံခြားလုပ်သားသည် နေထိုင်ခွင့်ကာလအတွင်း အမိနိုင်ငံလို့ အလည်ခဏပြန်ပါက လူဝင်မှုကြီးကြပ်ရေးရုံး ခွင့်ပြုချက်တောင်းရန်မလိုသောကြောင့် သီးသန့်အကြောင်းကြားစရာမလိုဘဲ ပြန်နိုင်ပါသည်။ သို့သော် အလုပ်ရှင်ထံမှ ခွင့်ပြုချက်ယူပြီးနောက် နေထိုင်ခွင့်သက်တမ်းကာလအတွင်း ပြန်လာရမည်။
မေး-ကျွန်တော်က ကုန်ထုတ်မှာလုပ်နေတဲ့ ○○လူမျိုးပါ။ သူဌေးက ပိတ်ရက်မှာ အချိန်ပိုလုပ်ဖို့ပြောတာကို ငြင်းလိုက်လို့ ကျွန်တော့်ကို အလုပ်ထုတ်လိုက်ပါတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ?
ဖြေ- အလုပ်သမားဥပဒေ အပိုဒ်30အရ အလုပ်ရှင်သည် လုပ်သားအား သင့်တော်သော အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်၊ အလုပ်နား၊ ရာထူးချ၊ လစာဖြတ်ခြင်းများ မလုပ်နိုင်အောင် ကာကွယ်ပေးထားသည်။ သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်သော အချိန်အား အလုပ်ရှင်နှင့် အလုပ်သမား သဘောတူချက်ရမှသာ လုပ်ကိုင်နိုင်ပြီး ၎င်းအား ငြင်းဆန်သည်ဆိုသော အကြောင်းပြချက်ဖြင့် အလုပ်ထုတ်၍မရပါ။
အလုပ်ရှင်မှ ပိတ်ရက်အချိန်ပိုလုပ်ရန် ငြင်းဆန်သည်ဆိုသော အကြောင်းပြချက်ဖြင့် အလုပ်ထုတ်ခဲ့ပါက မတရားအလုပ်ထုတ်ခံရခြင်း ဖြစ်သွားပြီး ထိုအခြေအနေတွင် အလုပ်သမားရေးရာကော်မတီသို့ တိုင်ကြားပြီး၊ တရားရုံးတွင် အလုပ်ထုတ်ခြင်း တရားဝင်မဖြစ်ရန် တရားစွဲဆိုရပါမည်။
အထက်ပါလုပ်ဆောင်ချက်များအပြင် အလုပ်စာချုပ်ဖြတ်သိမ်းလိုက်သောကြောင့် လုပ်ငန်းခွင် ပြောင်းရွှေ့နိုင်သော အကြောင်းနှင့် သက်ဆိုင်သဖြင့် ကုမ္ပဏီ ဆက်လက်လုပ်ကိုင်လိုခြင်းမရှိပါက ဂိုယုံစင်တာတွင် “အလုပ်ပြောင်းလျှောက်လွှာ” တင်သွင်းပြီး အလုပ်ပြောင်းနိုင်ပါသည်။
မေး-ကျွန်တော်က ဒယ်ဂျွန်းမှာ လုပ်နေတဲ့○○လူမျိုးပါ။ လွန်ခဲ့တဲ့ 2ရက်လောက်က နေမကောင်းလို့ အလုပ်ပျက်ခဲ့ပြီး မနေ့က အလုပ်ပြန်တက်တော့ သူဌေးက ဘာလို့ အလုပ်ပျက်လဲလို့ အော်ဟစ်ဆဲဆိုပြီး လက်သီးနဲ့ ကျွန်တော့်မျက်နှာကို ထိုးပါတယ်။ အထိုးခံရလို့ သွားတွေ နဲ့သွားပြီး မျက်နှာယောင်ကိုင်းသွားပါတယ်။ နစ်နာကြေးရနိုင်မလား ?
ဖြေ- အလုပ်သမားဥပဒေအရ ဘယ်လိုအခြေအနေမျိုးတွင်မှ လုပ်သားအား ကိုယ်ထိလက်ရောက် ထိခိုက်နာကြင်အောင်လုပ်တာမျိုး မလုပ်ရန်တားမြစ်သည်။
မေး- နိုင်ငံခြားသားမှတ်ပုံတင်ရန်အတွက် သူဌေးကို ပတ်စပို့ပေးထားတာကို နိုင်ငံခြားသားကဒ် ရလာပြီးတာတောင် ကျွန်တော့ကို နိုင်ငံခြားသားကဒ်နဲ့ ပတ်စပို့ ပြန်မပေးပါဘူး။ သူဌေးက ဆက်တိုက် ထိမ်းသိမ်းလို့ ရတာမျိုးလား?
ဖြေ- နိုင်ငံခြားလုပ်သား၏ ပတ်စပို့ကို အလုပ်ရှင်မှ အတင်းအကြပ် ထိမ်းသိမ်းခြင်းသည် လူ့အခွင့်အရေး ဖောက်ဖျက်တာဖြစ်သောကြောင့် လဝကဥပဒေကို ဖောက်ဖျက်ရာ ရောက်ပါတယ်။ အလုပ်ရှင်အား ပတ်စပို့နှင့် နိုင်ငံခြားသားကဒ် ပြန်ပေးရန် ဆောင်းဆိုပြီး မိမိ၏ ပတ်စပို့နှင့် နိုင်ငံခြားသားကဒ်ကို မိမိက ကိုင်ဆောင်ထားရမည်။