SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

အခက်အခဲများဖြေရှင်းမှု
외국인노동자와 함께 하는 WORK IN KOREA

အခက်အခဲ ဖြေရှင်းပေးသော ဌာနများ လမ်းညွှန်

နိုင်ငံခြားလုပ်သားသည် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်နေစဥ်အတွင်း ကြုံတွေ့ရသော မတရား ခွဲခြားဆက်ဆံခံရမှုများကို အခက်အခဲဖြေရှင်းပေးသော ဌာနများတွင် အကူအညီတောင်းနိုင်ပြီး ဥပဒေအရ အကာအကွယ် ရယူနိုင်သည်။

အလုပ်သမားရေးရာဝန်ကြီးဌာန

  • အလုပ်လုပ်နေစဥ်အတွင်း မတရားမှု ကြုံတွေ့ရသော နိုင်ငံခြားသား၏ အခက်အခဲကို ဖြေရှင်းပေးသော ဌာနဖြစ်ပြီး ၊ သက်ဆိုင်ရာဌာနအလိုက် ခွဲခြားထားကာ အခက်အခဲများနှင့် တိုင်ကြားစာများကို လျှောက်လွှာဌာနမှ လက်ခံပေးသည်။
သက်ဆိုင်ရာဌာန ဖြေရှင်းပေးသော အကြောင်းအရာ
လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားရုံး လုပ်ငန်းခွင်းတိုးတက်ကောင်းမွန်ရေးရုံး

အလုပ်သမားဥပဒေဆိုင်ရာ

  • လစာနှင့် ထွယ်ဂျီဂွန် စသော လုပ်အားခပိုင်းဆိုင်ရာ မရရှိမှု
  • အလုပ်ရှင်နှင့် အုပ်ချုပ်သူတို့ ကိုယ်ထိလက်ရောက်ပြုမှု
  • အလုပ်ချိန် မလိုက်နာခြင်းနှင့် အတင်းအကြပ် အလုပ်ခိုင်းခြင်း
လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားရုံး လုပ်ငန်းခွင် ထိခိုက်မှု ကာကွယ်ရေး

လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စများ

  • လုပ်ငန်းခွင်အတွင်း ဘေးကင်းရေးနှင့် လူမှုဖူလှုံရေးဆိုင်ရာ
လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားရုံး ဂိုယုံစင်တာ ပူးပေါင်းဆောင်ရွက်ရေးဌာန

နိုင်ငံခြားလုပ်သား အသုံးပြုခြင်းဆိုင်ရာ

  • နိုင်ငံခြားလုပ်သား၏ အလုပ်ပြောင်းခြင်းနှင့် အလုပ်မက်ဆေ့်ချ် စီစဥ်ပေးခြင်း
  • နိုင်ငံခြားလုပ်သား အလုပ်ခန့်ခြင်းနှင့် ထွက်ပေးခြင်း တိုင်ကြားစာများ လက်ခံခြင်း
  • အလုပ်ထောက်ခံစာနှင့် အခြားထောက်ခံစာများ ထုတ်ပေးခြင်း
အလုပ်သမားရုံး ဆွေးနွေးဌာန (☎1350)

လုပ်သား၏ တိုင်ကြားစာများ လက်ခံဆွေးနွေးခြင်းနှင့်၊ ဖြေရှင်းရေးဌာနများ လမ်းညွှန်ပေးခြင်း

အလုပ်သမားရုံး အလုပ်သမားရေးရာ ကော်မတီ

မတရားအလုပ်ထုတ်ခံရခြင်း၊ ခွဲခြားဆက်ခံရခြင်း စသော အလုပ်ရှင်ထံမှ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုအား ပြန်လည်ကယ်တင်ပေးခြင်း။

တရားရေးရာဌာန

လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသား အထွေထွေလမ်းညွှန်စင်တာ

လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုကာလအတွင်း မတရားမှုနှင့် အခက်အခဲများ ဖြေရှင်းခြင်းနှင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုကို ဆွေးနွေးလမ်းညွှန် ဖြေရှင်းပေး (☎ 1345)

နိုင်ငံတော် လူ့အခွင့်အရေး ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ

လူ့အခွင့်အရေးဖောက်ဖျက်မှုနှင့် ခွဲခြားဆက်ဆံခံရမှုအတွက် စစ်ဆေး ကယ်တင်ပေး

* ဖြေရှင်းပုံအဆင့်ဆင့်- ဆွေးနွေးခြင်းနှင့် တိုင်စာတင်ခြင်း → အမှုစစ်ခြင်း (ကာယကံရှင်စစ်ဆေးခြင်းနှင့် အချက်အလက်တင်သွင်းရန် တောင်းဆိုခြင်း) → ကယ်တင်မှုလုပ်ဆောင်ခြင်းနှင့် အကြံပြုခြင်း → ကျူးလွန်သူအား ဥပဒေအရအပြစ်ပေးရန် လိုအပ်သည်ဟု အတည်ပြုပါက ရဲစခန်းတိုင်ကြား

အလုပ်သမားလူမှုဖူလှုံရေးဌာန

လုပ်ငန်းခွင်ကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်း၊ မသန်စွမ်းခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပွားပါက ကုသနှင့်အာမခံ လျှောက်ထားခြင်းမှတစ်ဆင့် အာမခံကြေး ထောက်ပံ့(☎ 1588-0075)

နိုင်ငံခြားလုပ်သား ထောက်ပံ့ရေးစင်တာ

အခက်အခဲများ ဆွေးနွေးခြင်း၊ ကိုရီးယား စာနှင့် ယဥ်ကျေးမှု သင်ကြားပေးခြင်း

နိုင်ငံခြားလုပ်သား ဆွေးနွေးရေးစင်တာ

အလုပ်ရှာခြင်းနှင့် ပတ်သတ်သော အခက်အခဲများ ဆွေးနွေးခြင်း(☎ 1577-0071)

* သက်ဆိုင်ရာ အတိုင်ပင်ခံများမှတစ်ဆင့် 16နိုင်ငံ ဘာသာစကားဖြင့် ဆွေးနွေး

ရဲစခန်းနှင့် မီးသတ်

    ရာဇဝတ်မှု အမျိုးမျိုးကို တိုင်ကြားရန်(ရဲစခန်း, ☎ 112)

    မီးဘေးနှင့် အရေးပေါ်လူနာ တိုင်ကြားရန်(မီးသတ်, ☎ 119)

နိုင်ငံခြားအမျိုးသမီး အရေးပေါ်ထောက်ပံ့ရေးစင်တာ

အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှောင့်ယှက်မှု အရေးပေါ်ဖုန်း ☎ 1577-1366