SiteMap

WorkinKorea

သတင်းအချက်အလက်များ
အလုပ်သမားအသုံးပြုခွင့်စနစ်
စာရွက်စာတမ်းများ
အခက်အခဲများဖြေရှင်းမှု
ဖောင်ဒေးရှင်း မိတ်ဆက်

전체메뉴

ဖောင်ဒေးရှင်း မိတ်ဆက်
외국인노동자와 함께 하는 WORK IN KOREA

ဥက္ကဌ အမှာစကား

NOSA ဖောင်ဒေးရှင်းမှ သင့်အား လေးစားစွာ ကြိုဆိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ အခုချိန်မှာ စီးပွားရေး၊ လူ့အဖွဲ့အစည်း၊ လူဦးရေနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဖွဲ့စည်းမှုတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအပြောင်းအလဲတွေကြားမှာ အလုပ်ရှင်နှင့် အလုပ်သားတို့၏ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် အလုပ်သမားတို့၏ ဘဝတည်ငြိမ်ရေး၊ လုပ်ငန်း၏ စဥ်ဆက်မပြတ်တိုးတက်မှုနှင့် လူ့အဖွဲ့အစည်းနှင့် တိုင်းပြည်ဟန်ချက်ညီ တိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်သော အကြောင်းအရာဖြစ်သည်။

ဖောင်ဒေးရှင်းသည် “အလုပ်ရှင်နှင့် အလုပ်သမားလုပ်ငန်းခွင်တက်ကြွပျော်ရွှင်ရေး” လုပ်ငန်းစဥ်အတွက် လုပ်ငန်းခွင်အဆင်ပြေရေး၊ လုပ်ငန်းခွင်တိုးတက်ရေး၊ အလုပ်အကိုင် အတည်တကျဖြစ်ရေး၊ လုပ်ငန်းခွင်အားနည်းသူများအတွက် ထောက်ပံ့‌‌ရေး၊ နိုင်ငံခြားလုပ်သား သင်ကြားရေး၊ အလုပ်အကိုင်ဆိုင်ရာ နိုင်ငံတကာပူးလုပ်ငန်းများ မြှင့်တင်ရေးတို့ကို လုပ်ကိုင်နေသော အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ အစိုးရအဖွဲ့အစည်းဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းခွင် အခက်အခဲများကို အဖြေရှာ ဆွေးနွေးခြင်းနှင့် ပညာပေးလုပ်ငန်းများကို အထူးပြုလုပ်ဆောင်နေပါတယ်။

ရှေ့လျှောက်မှာလည်း လုပ်ငန်းခွင်ကို အဓိကထားပြီး ပိုမိုကောင်းမွန်ရေးအတွက် တစ်ဆင့်တိုးမြှင့် လုပ်ဆောင် ဆွေးနွေးသွားပါ့မယ်။ ဖောင်ဒေးရှင်းမှ ဝန်ထမ်းအားလုံး အလုပ်သမားနယ်ပယ်မှ ကျွမ်းကျင်သူများဖြစ်သည့်အလျှောက် လုပ်ငန်းခွင်တိုးတက်ရေးကို ရှေးရှုပြီး ပြည်သူများဆီ ချဥ်းကပ်သွားပါ့မယ်။ အများကြီး အားပေးကူညီ ပံ့ပိုးပေးကြဖို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။

2025ခုနှစ် 4လပိုင်း 21ရက်

NOSA ဖောင်ဒေးရှင်း ဥက္ကဌ ဘတ်ဂျုံဖီးလ်