- ဖောင်ဒေးရှင်း မိတ်ဆက်
- 외국인노동자와 함께 하는 WORK IN KOREA
လုပ်ငန်းမိတ်ဆက်
နိုင်ငံခြားသား ပညာပေးသင်တန်းနှင့် ထောက်ပံ့ရေးလုပ်ငန်း
လုပ်ငန်းရည်ရွယ်ချက်
- အလုပ်အကိုင်အသုံးပြုခွင့် စနစ်ဖြင့် ပြည်တွင်းတွင် အလုပ်လုပ်ရန် ရောက်ရှိလာသော နိုင်ငံခြားလုပ်သားများအား လုပ်ငန်းခွင်အခြေကျရေးနှင့် လုပ်ငန်းလုပ်ကိုင်လိုစိတ် မြှင့်တင်ရေး
- သတ်မှတ်ချက် - နိုင်ငံခြားလုပ်သား အသုံးပြုခွင့်ဆိုင်ရာ ဥပဒေ (အပိုဒ်11)နှင့် သက်ဆိုင်ရာဥပဒေ(အပိုဒ်18 အပိုင်း2)ကို အခြေခံပြီး အလုပ်သမားဝန်ကြီးဌာနမှ ပညာပေးသင်တန်းအဖြစ် သတ်မှတ်
- နိုင်ငံခြားလုပ်သားနှင့် အလုပ်ရှင် ထောက်ပံ့ရေးလုပ်ငန်းမှတစ်ဆင့် ဘာသာစကားနှင့် ယဥ်ကျေးမှုကွာခြားချက်များကို ကျော်လွှားပြီး လုပ်ငန်းခွင် အဆင်ပြေရေးအတွက် ပါဝင်လုပ်ဆောင်
နိုင်ငံခြားသားလုပ်ငန်းခွင် ပညာပေး
လာအို၊ မွန်ဂို၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာလုပ်သားများအတွက် လုပ်သားအခွင့်အရေး ထိန်းသိမ်းနိုင်ရေးနှင့် လုပ်ငန်းခွင်ထိခိုက်မှု ကြိုတင်ကာကွယ်ရေးအတွက် ပညာပေး
- သင်တန်းအချိန်- 2ညအိပ်3ရက် စုပေါင်းသင်တန်း (16နာရီ)
- သင်တန်းအကြောင်းအရာ- ကိုရီးယားလုပ်ငန်းခွင်ယဥ်ကျေးမှု၊ သက်ဆိုင်ရာဥပဒေ၊ အခက်များနှင့် ပြသနာများဖြေရှင်းခြင်း၊ လုပ်ငန်းခွင်လုံခြုံရေး၊ အခြေခံစွမ်းရည်နှင့်လုပ်ဆောင်မှု သင်ခန်းစာများဖြစ်ပြီး နိုင်ငံခြားလုပ်သား၏ လုပ်ငန်းခွင် လိုက်လျောညီထွေဖြစ်ရေး ပညာပေးလုပ်ဆောင်
- သင်တန်းကာလအတွင်း ကျန်းမာရေး ဆေးစစ်ခြင်း လုပ်ဆောင်ပြီး အပြန်စရိတ်နှင့် လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ထည့်သွင်း
ပညာပေးအခြေခံ သတ်မှတ်ချက်
- နိုင်ငံအလိုက် သွင်ပြင်လက္ခဏာနှင့် သင်ကြားရေး အကျိုးရှိနိုင်ရန်အတွက် သင်တန်းဆရာများမှ သက်ဆိုင်ရာဘာသာစကားဖြင့် တိုက်ရိုက်သင်ကြား
- ဘာသာစကားအလိုက် သင်တန်းစာအုပ်နှင့် ရုပ်သံ သင်ခန်းစာများ အသုံးပြုပြီး နားလည်မှု တိုးတက်နိုင်အောင် လုပ်ဆောင်
- လုပ်ငန်းခွင် လက်တွေ့သင်ကြားခြင်းနှင့် ထိခိုက်မှုကာကွယ်ရေး သင်တန်းများ တိုးချဲ့
- နိုင်ငံခြားလုပ်သား အခွင့်အရေးတိုးတက်နိုင်ရန်အတွက် သင်တန်းများ တိုးချဲ့
အလုပ်ရှင်ပညာပေး
- နိုင်ငံခြားလုပ်သားဆိုင်ရာ စနစ်၊ ဥပဒေနှင့် အလုပ်ခန့်အပ်မှုပိုင်းဆိုင်ရာ လိုအပ်သော လုပ်ထုံးလုပ်နည်းများအား အလုပ်ရှင်အား လမ်းညွှန်ပေး
- လုပ်သက်အာမခံနှင့် လစာမရခြင်းအတွက်အာမခံ ထည့်သွင်း
- ပညာပေးသင်တန်းစရိတ် ပြန်အမ်းငွေ လျှောက်ထားခြင်းနှင့် ပြန်အမ်းငွေဆိုင်ရာ လုပ်ငန်း လုပ်ဆောင်ခြင်း
နိုင်ငံခြားလုပ်သားနှင့် အလုပ်ရှင် ထောက်ပံ့ရေး
နိုင်ငံခြားလုပ်သားနှင့် အလုပ်ရှင် အခက်အခဲ ဆွေးနွေးခြင်းနှင့် ဘာသာပြန်ဝန်ဆောင်မှု
- ဖုန်းဖြင့်ဆွေးနွေးခြင်း- လုပ်ငန်းတွင်း အခက်အခဲနှင့် ပြသနာများအတွက် ဖုန်းဖြင့် ဆွေးနွေးဝန်ဆောင်မှုပေး
နိုင်ငံခြားလုပ်သား လိုက်လျောညီထွေဖြစ်ရေးနှင့် အချက်အလက် ထောက်ပံ့ခြင်း
- ပညာပေးသင်တန်း ပြီးဆုံးသွားသော နိုင်ငံခြားသားများ လိုက်လျောညီထွေဖြစ်ရေးနှင့် ထွက်ခွာရန် ပြင်င်နိုင်ရေးအတွက် နေထိုင်ရေးဆိုင်ရာ အချက်အလက်များ ထောက်ပံ့
- ပြည်တွင်းဝင်ရောက်ပြီး 3လအတွင်း နိုင်ငံခြားလုပ်သားအား ကိုရီးယားနေထိုင်ရေး အခြေခံ အချက်အလက် ထောက်ပံ့ (မေးလ်၊ 6ကြိမ်/ 3လ)
- ပညာပေးသင်တန်း ပြီးဆုံးပြီး 33လ ကျော်လွန်သော နိုင်ငံခြားလုပ်သားများအား ထပ်မံအသုံးပြုခြင်းနှင့် ပြည်တော်ပြန် အချက်အလက် ထောက်ပံ့
ပင်မစာမျက်နှာ (www.workinkorea.org) လုပ်ဆောင်
- အလုပ်အကိုင်အသုံးပြုခွင့် စနစ် အချက်အလက်နှင့် နိုင်ငံခြားလုပ်သားဆိုင်ရာ သတင်းများ ထောက်ပံ့
- နိုင်ငံခြားလုပ်သား၏ ကိုရီးယားနေထိုင်မှုတွင် လိုအပ်သော အချက်အလက်နှင့် လေ့ကျင့်ရန်အချက်အလက် ထောက်ပံ့
နိုင်ငံခြားလုပ်သား အကြိုပညာပေးသင်တန်းနှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ထောက်ပံ့ရေးလုပ်ငန်း
- နိုင်ငံခြားလုပ်သား ပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် လုပ်ငန်းခွင်အကြို ပညာပေးသင်တန်း ပူးပေါင်းလုပ်ဆောင်မှုမှ တစ်ဆင့် နိုင်ငံခြားသားပညာပေးလုပ်ငန်း ပိုမိုကောင်းမွန်ရန် လုပ်ဆောင်
- နိုင်ငံခြားလုပ်သား ပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် လုပ်ငန်းခွင်အကြို ပညာပေးသင်တန်းသို့ သွားရောက် ကူညီထောက်ပံ့
- ပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ခံနှင့် ဆရာမများအား သင်တန်းပေးခြင်း
နိုင်ငံခြားလုပ်သား နေထိုင်မှုအဆင်ပြေရေး သင်တန်းနှင့် ဆွေးနွေးခြင်း၊ ယဥ်ကျေးမှုပွဲများ လုပ်ဆောင်
- နိုင်ငံခြားလုပ်သား နေထိုင်မှုအဆင်ပြေရေး သင်တန်းနှင့် ဆွေးနွေးခြင်း
- နိုင်ငံခြားလုပ်သား၏ လုပ်သားအခွင့်အရေး ထိန်းသိမ်းရေးနှင့် လုပ်ငန်းခွင် လုံခြုံရေး အသိအမြင်တိုးတက်ရေးအတွက် ထပ်တိုးသင်တန်း
- နိုင်ငံခြားလုပ်သား လုပ်ငန်းခွင် အခက်အခဲ ကင်းစင်ရေးအတွက် ဆွေးနွေးပေးခြင်း
- အမိမြေထွက်ခွာမည့် နိုင်ငံခြားလုပ်သား၏ အဆင်ပြေ အခြေချနိုင်ရေးအတွက် ပြင်ဆင်ရန် နည်းလမ်းများ လမ်းညွှန်ခြင်း
- ယဥ်ကျေးမှုပွဲမှတစ်ဆင့် စည်းလုံးမှုကို တည်ဆောက်ပြီး ကိုရီးယား၏ အပြုသဘောဆောင် ပုံရိပ်မြှင့်တင်